Our Last Days (4) Final

2.6K 318 23
                                    


Unicode

"ကျွန်တော် ... ခဗျားကိုချစ်တယ် "

ဝမ်ရိပေါ်ရဲ့ ရည်းစားစကားက နည်းနည်းတော့ကြောင်တောင်တောင်နိုင်လွန်းလှတယ်။ သူတို့နှစ်ယောက်က ဘတ်စ်ကားရဲ့ အဝင်တံခါးနားရပ်နေပြီး တစ်ယောက်နဲ့တစ်ယောက်ပူးကပ်နေတယ်။ ကားပတ်ပတ်လည်မှာ သူတို့ကိုတစစီကိုက်ဖြဲဖို့ ဇွန်ဘီတွေကစောင့်ကြိုနေပြီး ရွယ်ယမ်ကလဲ သူတို့ကိုငေးကြည့်နေသေးတယ်။

"‌တော်တော်ကဗျာဆန်တဲ့ propose ပဲ "

ရွယ်ယမ်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး မျက်စိရှေ့ကအတွဲကို မျက်နှာလွဲလိုက်တယ်။ ရှောင်းကျန့်က ဖက်ထားတဲ့လက်တွေကိုရုန်းဖယ်ပစ်တယ်။

"ဝမ်ရိပေါ် ...မင်း ! "

"အခုမပြောလိုက်ရရင် နောက်ဘယ်တော့မှပြောခွင့်မရှိတော့မှာစိုးလို့။ ကျွန်တော်ခဗျားကို ချစ်တယ်။ ဒါလေးပဲ သိထားပေးရင်ရတယ် ။ ပြီးတော့ မနက်ဖြန်ဆိုတာ မသေချာ မရေရာတော့တာမို့ ‌ကျွန်တော့်ကိုစိတ်မဆိုးပဲတစ်ခုလောက်ခွင့်ပြုပေး "

"မင်း...ဘာ ...အွတ့် "

နှုတ်ခမ်းအစုံကထိကပ်သွားပြီး ရှောင်းကျန့်ရဲ့ အောက်နှုတ်ခမ်းလေးက စစ်ခနဲထူပူပြီး နာကျင်သွားတယ်။ သူကမျက်လုံးပြူးလေးနဲ့ ဝမ်ရိပေါ်ကိုကြည့်နေတယ်။

အောင်မယ် ... ဒင်းက မျက်လုံးတောင်မှိတ်ထားပြီး ခံစားနေတာပဲ ...ငါ့ကိုလွှတ်စမ်းပါ အစုတ်ပလုတ်ကောင်လေးရဲ့ .. 

စိတ်ထဲကအော်ဟစ်နေပေမဲ့ မွတ်သိပ်တဲ့အနမ်းတွေကြောင့် စကားပြောမရပဲ ဝူးဝူးဝါးဝါးဖြစ်နေရတယ်။ ဝမ်ရိပေါ်ရဲ့လက်တွေက ရှောင်းကျန့်ရဲ့မျက်နှာကိုရုန်းမရအောင်ထိန်းကိုင်ထားပြီး နီရဲနေတဲ့ပါး‌နှစ်ဖက်ကိုနမ်းရှိုက်လိုက်တယ်။ အနမ်းတွေက ရှောင်းကျန့်ရဲ့ နားသယ်စပ်နားအထိ ဖြည်းဖြည်းချင်းရွေ့လျားလာပြီ နှာခေါင်းထိပ်လေးနဲ့ ပွတ်ဆွဲနေတယ်။ ရှောင်းကျန့်ရဲ့တကိုယ်လုံးက ကျင်စက်နဲ့တို့ခံလိုက်ရသလို ကြက်သီးထသွားတယ်။

"ချစ်တယ် "

"မင်း...ဖယ်တော့ "

နှာတံချွန်ချွန်လေးရဲ့ထိပ်ကို လက်ညိုးနဲ့ ချစ်စနိုးဟန်ဖြင့် ဖိချလိုက်တော့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို အားနဲ့တွန်းပစ်တယ်။

Short Stories CollectionWhere stories live. Discover now