Unicodeသူ့ကို သူ့ထက်ပို၍.... ( Part 2 )
" မနက်ဖြန် ကိုယ်အိမ်ပြန်ရမယ် ၊ ညကျရင်တံခါးတွေသေချာ lock ကျမကျ စစ်ပြီးမှ့အိပ်နော် "
"ဟုတ်ကဲ့ ..."
ခါတိုင်းထက်ပိုအေးစက်လာတဲ့ ဆက်ဆံရေးမှာ စကားသံတွေက ပျောက်ရှနေခဲ့ပြီ။ ရိပေါ်က အပြင်မှာညစာ စားလာပုံရတယ်။ ရှောင်းကျန့်ပင်ပင်ပန်းပန်းချက်ထားတဲ့ မီးဖိုချောင်ကစားသောက်ဖွယ်ရာတွေကို တချက်တောင်စောင်းငဲ့မကြည့်ခဲ့။ ပြန်ရောက်တာနဲ့ ရေချိုးပြီး အလုပ်ခန်းထဲမှာအောင်းနေတယ်။ အိပ်ရာဝင်တော့ ခွင့်တောင်းခြင်းမမည်တဲ့ အသိပေးစကားကိုပြောလို့ ကျောခိုင်းအိပ်တယ်။
ဒီကျောပြင်ကြီးက သူ့တစ်ယောက်ထဲအတွက်လို့ရှောင်းကျန့်က ထင်မှတ်မှားခဲ့ဖူးတယ်။ ၂နှစ် ...ဒီနှစ်နှစ်က ရှောင်းကျန့်အတွက် အမှတ်တရအပြည့်နဲ့အချိန်ကောင်းလေးတွေပါပဲ။ ကတိစကားဆိုတာမရှိ၊ လက်စွပ်လေးတစ်ကွင်းထဲနဲ့ ...ဝမ်ရိပေါ်ရဲ့အရုပ်ကလေးဘဝမှာ သူပျော်နေပေးခဲ့ပါတယ်။ ရှိုက်သံမထွက်ပဲ စီးကျလာတဲ့မျက်ရည်တွေကိုတိတ်တိတ်ခိုးသုတ်လို့ ဒီကျောပြင်ကျယ်ကြီးကိုငေးမိပါရဲ့...
နောက်ဆုတ်ဖို့အခွင့်အရေးရှိရက်နဲ့ နောက်မဆုတ်ချင်ခဲ့တာ ...ဒီချစ်ခြင်းက ဝဋ်ကြွေးကြီးလွန်းတာပဲလား...
လွန်ခဲ့တဲ့ တစ်နှစ်က သူရိပေါ်ရဲ့အလုပ်ခန်းကိုရှင်းပေးရင်း မထင်မှတ်ပဲ စာအုပ်စင်မှာ ဒိုင်ယာရီစာအုပ် တစ်အုပ်ကိုတွေ့ခဲ့တယ် ။ဆယ်ကျော်သက် လူငယ်လေးရဲ့ လူတယောက်အပေါ်ထားတဲ့ တိတ်တခိုးချစ်ခြင်းတွေအပြည့်ဖွဲ့သီထားတဲ့ နေ့စွဲလေးတွေပေါ့။ ဝမ်ရိပေါ်က အဲ့ဒီလူကို ကောလို့သုံးနှုန်းပါတယ်။ သူဖွင့်ပြောတော့ ဒီလူကခါးခါးသီးသီးငြင်းခဲ့တယ်တဲ့။ အဲ့ဒီနောက်မှာတော့မျက်ရည်တွေကြောင့် မှင်တွေပြန့်နေတဲ့စာအုပ်လေးကို ပိုင်ရှင်ကဆက်ပြီး ရေးသားခြင်းမရှိတော့ပါဘူး။
အချစ်ဦးဆိုတာ လူတိုင်းမှာရှိနိုင်တာပဲမို့ ရှောင်းကျန့်ကမသိချင်ယောင်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ယွီပင်းစီက ပြန်ကြားရတဲ့စကားတွေနဲ့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အချက်အလက်တွေကို အကျဉ်းချုပ်လိုက်တော့ ဒီက ရှောင်းကျန့်ဆိုတဲ့ကောင်က အဖြည့်ခံသာသာထက်မပိုခဲ့တော့....
YOU ARE READING
Short Stories Collection