Unicode
တက္ကသိုလ်ကျောင်းသားဘဝမှာ သောကြာနေ့က အပြည်ပြည်ဆိုင်ရာ ကျောင်းပြေးတဲ့နေ့လို့ ဘယ်သူက သတ်မှတ်လိုက်တယ်ရယ်မသိဘူး သောကြာနေ့ဆို တော်တော်များများ ပျောက်ကုန်ပြီ။ Roll Call ပြည့်အောင်တော့ EC ကို အပူကပ်ရတာပေါ့လေ။ ရှောင်းကျန့်ကတော့ ပထမနှစ်မှာတင် တစ်ခါ မိဘခေါ်ခံရပြီးပြီ။ 70%ပြည့်ဖို့ 5%လေးလိုတာကို ဆရာတွေကလဲ စိတ်ဓာတ်ပဲ။ အလိုက်သတိ့လေး ဖြည့်ပေးလိုက်ကြမယ်မရှိဘူး။
ဒီကြားထဲမှာ basketball ရှုံးလို့ ဝမ်ရိပေါ်ရဲ့ခိုင်းဖတ်လေး တလလုပ်လိုက်ရသေးတယ်။ ခိုင်းတာကလဲ ဘာအဓိပ္ပါယ်မှမရှိတဲ့ပေါက်ကရအလုပ်တွေပါပဲ ။ တမင်လုပ်နေသလားတောင်မှတ်ရတယ်။ သူစာလုပ်နေတုန်း ဘေးမှာနေခိုင်းထားပြီး မုန့်တွေအပုံလိုက်ချပေးထားကာ ဒါတွေထိုင်စားနေ ဆိုတာမျိုး။
သူ့အနားမှာ အကြောင်းမရှိအကြောင်းရှာပြီး တနေကုန်ထိုင်ခိုင်းထားတယ်။ ကမ္ဘာ့ရန် နှစ်ယောက်က စာသင်ချိန်ပါမခွာ တတွဲတွဲပူးကပ်နေတော့ ကျန်းချန်တို့တောင်အံ့ဩနေပြီ ။
"မင်း ဒီနေ့ ဖက်ထုပ်ခေါက်ဆွဲ ၂ပွဲစား "
"အာ ငါမကုန်ဘူး မစားနိုင်ဘူး ဟေ့ရောင် "
"ဒါဆို ဒီနေ့နဲ့နောက်နေ့ နေ့တိုင်းတပွဲစီစား "
"ဝမ်ရိပေါ် မင်းငါ့ကို အဆီပိတ်သေအောင်
အနုနည်းနဲ့ သတ်နေတာလား "ပိန်တာရိုးလေးမို့ စေတနာနဲ့ ငွေကုန်ကြေးကျခံပြီးကျွေးမွေးနေတာကို ရှောင်းကျန့်က တကယ့်ကို မသိတတ်ဘူးပဲ။ ရှေ့သွားလေးနှစ်ချောင်းကြိတ်ကြိတ်ပြီး ယုန်လေးလိုစားနေတာက ရယ်ချင်စရာတော့အကောင်းသား။
ဝမ်ရိပေါ်က လစ်ရင်လစ်သလို ခြံကျော်ပြီး ရှောင်းကျန့်အခန်းထဲ လာလည်တတ်ပါသေးတယ်။ ဒါကတော့ ဘယ်သူမှ့မသိတဲ့ သူတို့နှစ်ယောက်ရဲ့ လျို့ဝှက်ချက်လေးပေါ့။ ညတိုင်း ဝါသနာတူရာ အကြောင်းအရာလေးတွေ ဆွေးနွေးငြင်းခုံကြရင်း တခါတလေတော့လဲ ဂစ်တာလေးနဲ့သီချင်းအတူအော်ဆိုဖြစ်သလို ၊ တခါတလေတော့လဲ စကားအခန့်မသင့်ရင် အကောင်းကြီးက ထသတ်ကြတာမျိုး။ ရန်ဖြစ်ရင်တော့ အသေဆော်တာပဲ။ အလျော့ပေးတယ်ဆိုတာ သူတို့နှစ်ယောက်ရဲ့သမိုင်းမှာ မရှိဘူး။ စကားပုံတောင်ရှိသေးတယ်မလား။ ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး ဆိုတာလေ။ အယ်... ဘာမှလဲ မဆိုင်ဘူး။
YOU ARE READING
Short Stories Collection