မင်းမှ့မင်းပဲ (6) Final

3.4K 403 7
                                    

Unicode

အစွန်းနှစ်ဖက်မှာရှိတဲ့ ဆန့်ကျင်ဘက်တွေက ပိုလို့နီးစပ်လွယ်တဲ့သဘောရှိတယ်တဲ့။ ဥပမာ အမုန်းကြီးမုန်းနေကြတဲ့လူတွေက အချစ်ကြီးချစ်မိသွားကြသလိုမျိုးပေါ့။ ဘယ်တော့မှ့ မတည့်တဲ့ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားကြတော့လဲ တည့်လိုက်ကြတာ ထင်တောင်မထင်ထားဘူး။ နှစ်ရှည်လများ ရန်သူတော်တွေဖြစ်လာတဲ့နှစ်ယောက်ဆိုတော့လဲ သူဘာကြိုက်တယ် မကြိုက်ဘူးကိုယ်က သိနေပြီးသားကိုး။ ဒီတော့ ဘာမှထွေထွေထူးထူးညှိစရာကိုမလိုတာ။

ပြသနာဆိုလို့ တယောက်နဲ့တယောက် ပိုင်ဆိုင်လိုစိတ်လွန်ကဲပြီး အပြန်အလှန် J ဝင်နေတတ်တာလေးတစ်ခုပဲ ပြောစရာရှိတာ ။အခုလဲ ဝမ်ရိပေါ်ရဲ့နေ့နေ့ညညနားပူအောင် ရှာနေတဲ့ ပြသနာ တစ်ခုရှင်းဖို့ ဆိုင်တဆိုင်မှာ နှစ်ယောက်အတူထိုင်နေကြရတယ်။ အရှေ့မှာတော့ ရန်လီလီက ကျစ်ဆံမြီးလေးနှစ်ခွနဲ့ ထိုင်နေတယ်။

"ဒါ ဆို ...နင်တို့က "

ဝမ်ရိပေါ်က တည်ကြည်လေးနက်တဲ့အမူအရာနဲ့ စားပွဲပေါ်မှာတင်ထားတဲ့ ရှောင်းကျန့်ရဲ့လက်ကိုကိုင်ပြီးပြောတယ် ။

"တွဲနေတာ .."

ဝမ်ရိပေါ်က ဒီစကားပြောရတာ အလွန်ဂုဏ်ယူနေဟန်တူတယ်။ သူတို့ရဲ့ ပတ်သပ်မှု့ကိုပထမဦးဆုံးထုတ်ပြောခွင့်ရတာမို့ အလွန်လဲကျေနပ်နေတယ်။ သူ့မျက်နှာကြည့်ရတာ အသက်၃၀ကျော် ရင့်ကျက်တဲ့ယောက်ကျားဘသားကြီးစတိုင်နဲ့။

ဝမ်ရိပေါ်ဘယ်လောက်ပဲ လူကြီးစတိုင်ဖမ်းထားဖမ်းထား ၁၉နှစ် ချာတိတ်လေးက ချာတိတ်လေးပဲ။ ရှောင်းကျန့်ကတော့ အားနာနေဟန်တူတယ်။ ရှေ့က ကြက်ပေါက်စ အတွဲကိုကြည့်ပြီး ရန်လီလီက နှလုံးသားလေးကွဲကြေသလိုခံစားလိုက်ရတယ်။ သူမတနှစ်လုံး crush ခဲ့တဲ့ ကောင်လေးက ရည်းစားရသွားပြီတဲ့။ ဘဝကြီးက မသာယာတော့ဘူး။ ဒီကောင်လေးကို ကြိုက်လွန်းလို့ မိန်းကလေးတန်မဲ့ ဘယ်လိုတောင်ဈေးဗန်းခင်းခဲ့ရလဲ ။ ကိုယ့်ဘာသာပဲသိတယ်။ အခုတော့ ငနာလေးက ဘဲနဲ့တဲ့။ အပူရုပ်ကို ဟန်လုပ်ပြုံးလို့မချိသွားဖြဲလေးရယ်ပြရတယ်။

Short Stories CollectionWhere stories live. Discover now