Our Last Days (2)

1.9K 308 13
                                    

Unicode

ဇွန်ဘီဆိုတာ သေချာတယ်။ ကြည့်ခဲ့ဖူးတဲ့ ဇွန်ဘီကားတွေလဲ မနည်းဘူးဆိုတော့ ဒီအခြေအနေမှာ နှစ်ယောက်စလုံးက သိပ်တော့တုန်လှုပ်မနေအားတော့ဘူး။ ခြံတံခါးက ဖွင့်ရက်သားမို့ အိမ်ထဲလဲ ဒီကောင်တွေဝင်လာနိုင်တယ်။ အခန်းနံပါတ် ၁၊ ၃ နဲ့ ၉ က ကျောင်းသားတွေမို့ ဒီအချိန်အိမ်မှာမရှိကြဘူး။ ကျန်တဲ့လူတွေထဲက ဘယ်သူတွေအိမ်မှာ ရှိနေလောက်လဲ။ ဘယ်သူတွေကော အကိုက်ခံလိုက်ရပြီးပြီလဲ။

ရှောင်းကျန့်က ခေါင်းထဲထူပူအောင်တွေးနေတုန်း ဝမ်ရိပေါ်က တံခါးတွေအကုန် သေချာလိုက်ပိတ်နေပြီဖြစ်တယ်။

သောက်ကျိုးနည်း ... ဒီအခန်းလေးထဲမှာ သူပိတ်မိသွားပြီလား .....။ တသက်လုံးစုဆောင်းလာတဲ့ငွေတွေနဲ့ ခရီးလေးတောင်မထွက်ရသေးဘူးလေ။ ဒီလိုနဲ့ ဘဝဆုံးရတော့မှာလား။ မဖြစ်သင့်လိုက်တာ။

"ကျန့်ကော... ဒီမှာလာကြည့်ဦး "

ဝမ်ရိပေါ်ရဲ့ဖုန်းက online ဖွင့်လိုက်တာနဲ့ သတင်းတွေက အများကြီးတက်နေပြီဖြစ်တယ်။ တမြို့လုံး ဒီကောင်တွေနဲ့ပြည့်နှက်နေပြီး တချို့တွေက သူတို့လိုပဲ အိမ်ထဲပိတ်မိနေကြရင်း အကူအညီတောင်းခံနေကြတာကိုတွေ့ရတယ်။ ဇွန်ဘီတွေရဲ့ ကူးစက်ပျံ့နှံ့နှုန်းက အလွန်မြန်ဆန်ပြီး ခဏအတွင်းမှာ ပတ်ဝန်းကျင်တစ်ခုလုံး အော်သံတွေနဲ့ဆူညံပွက်လောရိုက်နေတော့တယ်။ ကားလမ်းမပေါ်မှာလဲ ယာဉ်တိုက်မှု့တွေမနည်းဖြစ်နေပြီ။

"ရိပေါ် ...သတင်းကြည့်မယ်။ သတင်းလိုင်းကိုဖွင့်လိုက်"

"မိဘပြည်သူများခဗျား ...အားလုံးသိပ်ကိုကြောက်လန့်နေကြမယ်ဆိုတာ နားလည်ပါတယ်။ အခုပျံ့နှံ့နေတဲ့ရောဂါပိုးက မျိုးရိုးဗီဇပြောင်းလဲတဲ့ ဇွန်ဘီ virus ဖြစ်ပါတယ်။ မူလအရင်းအမြစ်က မိုင်းတွင်းတစ်ခုမှ‌လို့ သိရပြီး အသေးစိတ်ကိုစုံစမ်းနေဆဲပါ။ အသက်ရှင်ရက်ကျန်ရှိသူများ လုံခြုံတဲ့နေရာမှာ နေကြပါ။ ရဲဌာနနဲ့ ဆေးရုံတော်တော်များများက ပိုးကူးစက်ခံရနှင့်ပြီးဖြစ်တာကြောင့် အကူအညီတောင်းတဲ့ဖုန်းတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တစ်မြို့လုံး အနီရောင်အဆင့် lock down သတ်မှတ်ထားပါတယ်။ မကြာခင်မှာပဲ ကယ်ဆယ်ရေးတွေစတင်မှာဖြစ်တာမို့ အားလုံးအားတင်းထားကြပါ။ "

Short Stories CollectionWhere stories live. Discover now