A Fool (2)

1.5K 260 18
                                    

Unicode

ရှောင်းကျန့် ~~~

ဝမ်ရိပေါ်က တုန်ရင်အက်ကွဲတဲ့အသံဖြင့် တိုးတိုးညည်းညူလိုက်ပြီး ရှောင်းကျန့်ကို ပွေ့ဖက်လိုက်တယ်။

ရှောင်းကျန့်...သူ့ရဲ့ရှောင်းကျန့် .......

ခံစားချက်တွေက ပြင်းထန်လွန်းတာကြောင့် သူအသက်ရှူမြန်လာပြီး မောဟိုက်လာခဲ့တယ်။ ဝမ်ရိပေါ်ရဲ့တကိုယ်လုံးက တုန်ရီနေတယ်။ သူက ရှောင်းကျန့်ကို အားကုန်သုံးလို့ ဖက်ထားတယ်။

"ဝမ်ရိပေါ် .... မငိုပါနဲ့ "

"မငိုနဲ့  "

ဦးနှောက်မှာထည့်သွင်းထားတဲ့ system က ငိုနေသူကို နှစ်သိမ့်ပေးရမယ်လို့ပါရှိတယ်။ Robot Xiao Zhan က လူအစစ်နဲ့ တထေရာထဲတူတယ်။ ဒါပေမဲ့ သူက အစားမစားနိုင်ဘူး။ မျက်ရည်မကျနိုင်ဘူး။ အဆင့်မြင့်ဆီလီကွန်အသားကိုသုံးထားတာကြောင့် သူ့ခန္ဓာကိုယ်က ရေနဲ့ထိတွေ့လို့ရတယ်။ စက်ရုပ်ရဲ့နူးညံ့ပျော့ပြောင်းတဲ့ လက်တွေက ဝမ်ရိပေါ်ရဲ့ကျောပြင်ကို ပွတ်သပ်လို့ တည်ငြိမ်မှု့ရတဲ့အထိ နှစ်သိမ့်ပေးနေတယ်။

"ရှောင်း... ကျွန်တော့်ကို ထားသွားရက်တယ်
ကျွန်တော် ... အရမ်းလွမ်းနေခဲ့တာ ..."

"ကိုယ်လဲ ဒီလိုဘယ်ဖြစ်ချင်ပါ့မလဲ ..... ကံကြမ္မာကို လွန်ဆန်လို့မှ မရပဲ ...ကိုယ်တောင်းပန်ပါတယ်....မင်းကိုအများကြီး နာကျင်စေခဲ့မိပြီ "

"ကျွန်တော့်ကို ထပ်ပြီးခွဲမသွားပါနဲ့တော့"

"အင်း ...ဘယ်တော့မှ ခွဲမသွားတော့ဘူး နော် ...
ကိုယ်မင်းအနားမှာ တသက်လုံးအတူရှိနေမယ် "

စက်ရုပ်ရှောင်းကျန့်ရဲ့ စကားတွေက ထူးဆန်းနေပြီး တစ်မျိုးကြီးဖြစ်နေ‌ပေမဲ့ ရှိုက်ငိုနေတဲ့ ဝမ်ရိပေါ်က သတိမထားမိဘူး။ နှစ်ယောက်သား အချစ်တွေအပြည့်နဲ့ ပျော်ရွင်ခဲ့ဖူးတဲ့ အိပ်ခန်းထဲက စားပွဲထက် ရှောင်းကျန့်ရဲ့ အရိုးပြာအိုးလေးက ငွေမှင်ရောင် အရောင်တွေလင်းလက်လို့ ....

"ကြည့်ပါဦး ...ဒါကဘယ်လိုပုံစံဖြစ်နေတာလဲ ...မသိရင် စိတ်ကျရောဂါသည်လိုပဲ ...မင်းမျက်နှာကလဲ ...  ဒီအမွှေးတွေက ငါ့ကို စူးစေတယ်။ ဒါတွေ .... ဒါတွေ ရိတ်ပစ်ရမယ် .."

Short Stories CollectionWhere stories live. Discover now