Unicodeဒီမှာလူကြီးမင်း !!! (Part 6)
အနာဂတ်ကို မယုံဘူးဆိုတဲ့စကားကို ရှောင်းကျန့်က အဓိပ္ပါယ်မဲ့ပြောခဲ့တာမဟုတ်ဘူး။ ဝမ်ရိပေါ်သူ့အိမ်ကိုရောက်လာပြီး ၂ရက်မြောက်နေ့မှာပဲ ရုပ်ရှင်ဆန်ဆန်အဖြစ်အပျက်များစွာ ဖြစ်လာတော့တယ်။ ရှောင်းကျန့်ကတော့ ကြိုတင်မျှော်လင့်ထားပြီးသားမို့ ထူးပြီးတုန်လှုပ်မနေခဲ့တော့ဘူး။
"မင်း အိမ်ပြန်လိုက်ခဲ့ရမယ် ၊ မင်းမိဘတွေအရမ်းကိုစိတ်ပူနေပြီ "
"မလိုက်ဘူး ငါ့ကိုလွှတ်စမ်း ၊ မင်းတို့ကများ ငါ့ကိုထိရဲတယ်ပေါ့ ....ရှောင်းကျန့် !!! "
ရှောင်းကျန့်လက်ကိုဆွဲထားတဲ့ ဝမ်ရိပေါ်ရဲ့လက်ကတဖြည်းဖြည်းလွှတ်ထွက်သွားခဲ့ရပြီး သန်မာတဲ့ လူတအုပ်ရဲ့ကြားထဲမှာ ဝမ်ရိပေါ်က ကျားနာတယောက်လို တွေ့ရာလူ ထိုးနှက်ကန်ကျောက်လို့ ရုန်းကန်အော်ဟစ်နေတယ်။ သူ့လက်ဖမိုးမှာ အခုထိ့ခံစားမိ့နေသေးတဲ့ ကောင်လေးစီက နွေးထွေးမှု့လေး ပျောက်မသွားခင်အထိ့ သူငြိမ်လို့မှတ်သားနေခဲ့မိတယ်။ ဒါနောက်ဆုံးအထိအတွေ့လေးပဲထင်ပါရဲ့။ ဝမ်ရိပေါ်က သူ့ကိုပြန်ဆွဲခေါ်ဖို့မကြိုးစားပဲ အေးစက်စွာရပ်မြဲရပ်နေတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး တစ်စုံတစ်ခုကိုသဘောပေါက်သွားတယ်။
ရှောင်းကျန့်က သူ့ကိုလက်ခံပေးခဲ့တာမှ့မဟုတ်ပဲ။ သူ့ကို ရသလောက်အချိန်လေးထဲမှာ အလိုလိုက်ပေးခဲ့ရုံသာ။ သူကတော့ ဒါကို ဘဝကြီးမှတ်လို့ ကြည်နူးလိုက်ရတာ။ ဒီဘိုးတော်ရဲ့နဖူးပြင်လေးကိုတောင် ဒီနေ့အတွက် မနက်ခင်းအနမ်း မပေးလိုက်ရသေးဘူး။ သူ့ရဲ့ယုန်ဘိုးတော်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင်အသဲမာနိုင်ရတာလဲ ။
"ရှောင်းကျန့် ! ကျွန်တော် လိုက်မသွားချင်ဘူး
ကျွန်တော့်ကို ပြန်ခေါ်ပါ ...ကျန့်ကော !!! "ရိပေါ်ရဲ့ ကျန့်ကောဆိုတဲ့အော်သံက တခန်းလုံးဟိန်းထွက်နေကာ ရှောင်းကျန့်ရဲ့ကိုယ်လေး အတန်ငယ်တုန်လှုပ်သွားတယ်။ သူက ဝမ်ရိပေါ်ကို မျက်စိတဆုံးလိုက်ငေးကြည့်နေတယ်။ ဝမ်ရိပေါ်အိမ်ထဲက ဆွဲခေါ်ထုတ်ခံသွားရပြီးနောက် ရှောင်းကျန့်ရှေ့မှာ လာရပ်တဲ့လူတယောက်။ ဒီနေရာကို တိတိကျကျသိနိုင်တဲ့သူကလည်း ဒီလူအပြင် နှစ်ယောက်မရှိနိုင်ဘူး။
YOU ARE READING
Short Stories Collection