Nǐ shì wǒ de (2)

2.2K 342 15
                                    

Unicode

အခန်း(၂) : ပထမဦးဆုံးတွေ့ဆုံမှု့

လွန်ခဲ့သော ၆လ... , သူ ငွေကြေးထောက်ပံ့ပေးနေတဲ့ ENT တစ်ခုရဲ့ ပွဲတပွဲကိုတက်ရင်း ရှောင်းကျန့်ကို စတွေ့ခဲ့တာဖြစ်တယ်။ လူကိုတွေ့တာတော့မဟုတ်ဘူး။ နံရံမှာကပ်ထားတဲ့ ကုန်ပစ္စည်းကြော်ငြာပိုစတာပုံတစ်ပုံကိုတွေ့တာ။ ဝမ်ရိပေါ်ရဲ့ ခြေလှမ်းအစုံတို့က ရပ်တန့်သွားပြီး ပုံထဲကကောင်ငယ်လေးကို သေချာရပ်ကြည့်နေခဲ့တယ်။

"သူက ဘယ်သူလဲ "

"ဗျာ ! အော် ...သူက ကျွန်တော်တို့ K Ent ကကျင်းပတဲ့ ဒီနှစ်ရဲ့ တက်သစ်စ သရုပ်ဆောင်ပြိုင်ပွဲမှာ ပထမရထားတဲ့ကောင်လေးပါ။ နာမည်က ရှောင်းကျန့်တဲ့ "

ဥက္ကဌက ပျာပျာသလဲရှင်းပြတယ်။ အကဲခတ်ရသလောက်ကတော့ သူတို့ ent ရဲ့ ရင်းနှီးမြုပ်နှံမှု့အများဆုံးဖြစ်တဲ့ Boss Wang က ဒီကောင်လေးကိုသဘောကျနေပုံရတယ်။

"သူက နာမည်ရနေပြီလား "

"လောလောဆယ်တော့ ဇာတ်ပို့နေရာလေးတွေနဲ့
variety show တွေမှာ ထည့်သုံးထားပါတယ်။ လူကြိုက်တော့ တော်တော်များနေပေမဲ့ သူကအနုပညာမျိုးရိုးလဲမရှိ၊ နောက်ခံအင်အားလဲ မရှိတာကြောင့် သူ့အတွက်မရင်းနှီးရဲဘူးပေါ့ ...  ခေါင်းဆောင်နေရာတော့ မရသေးဘူး "

ဝမ်ရိပေါ်က ဥက္ကဌရဲ့အနားကပ်လို့ တိုးတိုးပြောလိုက်တယ်။ မကြာခင်မှာပဲ ဒီကောင်လေးက သူ့အတွက်ဖြစ်လာလိမ့်မယ်။ လွယ်လွန်းတယ်။ ဝမ်ရိပေါ် အတွက် အရာရာက သိပ်ကိုလွယ်လွန်းတယ်။

တကယ်တမ်း အပြင်မှာလာတွေ့တော့ ရှောင်းကျန့်က ပုံထဲကထက်ပိုပြီး ကြည့်ကောင်းတာတွေ့ရတယ်။ effect တွေကြောင့် လှပနေတယ်လို့ထင်ထားခဲ့ပေမဲ့ သူ့ရဲ့ပါးပြင်လေးတွေက ချောမွတ်နေကာ အပြစ်အနာအဆာ တစ်ခုလေးတောင်ရှိမနေခဲ့ဘူး။ မျက်ဝန်းလေးတွေက အဆုံးနားလေးမှာကော့သွယ်သွားကာ ကြည်တောက်ပြီး အပြစ်ကင်းပုံပေါ်တယ်။ ပိရိသေသပ်တဲ့ နှုတ်ခမ်းတွေက ဆေးကူစရာလိုဟန်မတူဘူး။ ဆွဲဆောင်မှု့ရှိတဲ့ မှဲ့လေးတစက်က နှုတ်ခမ်းအောက်နားလေးမှာ အသဲယားစဖွယ်တည်ရှိတယ်။

Short Stories CollectionWhere stories live. Discover now