D Mar Lu Gyi Min !!! (3)

2.5K 354 17
                                    

Unicode

ဒီမှာလူကြီးမင်း !!! (Part 3)

အိပ်ရာထဲ ဟိုဒီလိမ့်လို့ ဂနာမငြိမ်နေတဲ့ သူကဘယ်သူလဲမမေးနဲ့ ။ အဆိုးအပေလေး ဝမ်ရိပေါ်ပါပဲ။ သူ့ဘဝမှာ ဒီလို ခံစားချက်မျိုးတစ်ခါမှ့ မခံစားခဲ့ရဖူးဘူး။ ဟိုမှာတုန်းက သူလောင်းကစားဝိုင်းတွေမှာ လူဆိုးသူခိုးပေါင်းစုံနဲ့ ကြုံဆုံခဲ့ရဖူးတယ်။ Gay အတွဲ lesbian အတွဲ အစုံအလင် သူပေါင်းဖူး ခင်မင်ဖူးတယ်။ ကိုယ်တိုင်လဲ ဒီအသိုင်းအဝိုင်းကိုရှုံ့ချတဲ့အထဲမပါပေမဲ့ ကိုယ့်ကိုကိုယ်တော့ အဖြောင့်လို့ပဲ ယုံကြည်ခဲ့တာပဲ။

ဟို ယုန်အဖိုးအိုကြောင့် ရိပေါ်ရဲ့စိတ်တွေကမောက်ကမ ဖြစ်လာရတာ။ ဟုတ်တယ် ။ရှောင်းကျန့်က ဆွဲငင်တတ်တဲ့သဘောရှိတယ်။ အနားမှာ ကြာကြာနေမိ့တာနဲ့ အဖို အမ ဘယ်လို gender မျိုးကိုမဆို သဘောမကျပဲ မနေနိုင်အောင် ဆွဲဆောင်တတ်တာမျိုး။ တကူးတက့လုပ်ယူစရာမလိုပဲ သူ့အလိုလိုဖြစ်တည်နေတဲ့ ယုန်ဘိုးတော်ရဲ့ အရည်အချင်းတွေ။

ခေါက်ဆွဲဆိုင်မှာ ဘယ်လိုစိတ်ရူးပေါက်မှု့မျိုးနဲ့ မေးမိတယ်မသိ့ ၊ ကလေးဆန်စွာပင် ကျွန်တော့်ကိုချစ်လားလို့မေးမိတယ်။ ဒါက သူ့နှုတ်ကဝန်ခံတာကိုကြားချင်တဲ့ အတ္တစိတ်သေးသေးလေးကြောင့်။ ဒါမှမဟုတ် တခြားတယောက်နဲ့တွဲမြင်ရတဲ့အခိုက် ဖြစ်တည်လာတဲ့ မနာလိုစိတ်ကြောင့်လား။ သူ့ကိုယ်သူလဲမသိတော့ဘူး။ ဒါပေမဲ့ ရှောင်းကျန့်က သွားဖွေးဖွေးလေးများပေါ်အောင်ပြုံးလို့ ပြန်ဖြေပါလေရဲ့ ....

"အင်း ချစ်တယ် " တဲ့ ။ ရုတ်တရက်ကြီး သူ့ခန္တာကိုယ်က ခေါက်ဆွဲဆိုင်ခေါင်မိုးကိုဖောက်တက်ကာ ဟိုးးး စတြာဝဠာ အပြင်ဘက်ထိ့ ခုန်ထွက်ပျံတက်သွားသလိုမျိုး ခံစားလိုက်ရတယ်။ တိမ်တွေပေါ်လွှင့်နေတယ်ဆိုတာ ဒါမျိုးကိုး ။ ယုန်ဘိုးတော်က တကယ့်ကိုမခေတာပါ။ မင်းဘက်ကရော ကိုယ့်အပေါ်ဘယ်လိုလဲ လို့ပြန်မေးလာတဲ့အချိန်မှာတော့ ရိပေါ်မှာပြန်ဖြေစရာစကား ရှိမနေခဲ့။ သူက သံယောဇဉ်ထားရတာ မုန်းတဲ့သူမျိုး။ ထားမိရင်လဲ အလွန်အကြူးအစွန်းရောက်တတ်တဲ့သူမျိုးဆိုတာ ကိုယ့်ဘာသာပဲသိတယ်။

Short Stories CollectionOnde histórias criam vida. Descubra agora