Oh My Ghost (2)

2.5K 395 40
                                    

Unicode

"အားးးးးးးးး!!!!!! "

"သရဲ သရဲ ....!!! "

ဝမ်ရိပေါ်က ထိပ်ဆုံးကပြေးတယ်။ သူပြေးနေတာကြောင့် လက်ထဲက ခြူသံကတချွင်ချွင်မြည်နေပြီး အနောက်ကနေ ခုန်ဆွသရဲတအုပ်ကလိုက်ပြေးတယ်။ သရဲတွေရဲ့နောက်မှာ မုန့်ယောင်းက အမှီလိုက်ပြေးတယ်။ အုပ်စုလိုက်ကြီးပျော်ပျော်ပါးပါးပြေးကြတာ ပွဲတော်ကြီးကျလို့။ ပြေးမိပြေးရာ ပြေးကြတာ ကောက်ရိုးပုံကြီးတပုံရှေ့ရောက်တော့ ထိုင်ချလို့ အနားယူမိတုန်းရှိသေး စောင်သရဲက သူ့ကိုအနားပေးချင်ပုံမရ....

"မပြေးတော့ဘူးလား ~~~~~"

မျက်နှာကျက်ကနေ ပြောင်းပြန်ကြီး ပင့်ကူလိုကျလာတဲ့ သရဲကြောင့် ရိပေါ်က အားခနဲအော်တယ်။ သရဲရဲ့မျက်နှာက ဇောက်ထိုးအနေအထားနဲ့ သူ့မျက်နှာနဲ့တလက်မပဲကွာတော့တယ်။ ဖြူဖတ်ဖြူလျော်နဲ့ သွေးဆုပ်နေတဲ့သရဲထီးကြီး ......

"အားးးးး သရဲကောင် ငါ့အနားမလာနဲ့ သွား
ဟိုကောင်မုန့်ယောင်းစီသွား "

"မလာနဲ့ ဆရာဝမ်စီမှာပဲနေ ကလေးအသားခါးတယ်၊လူကြီးအသားချိုတယ်တဲ့ အဲ့လူကြီးကိုစားပစ်လိုက်"

"မုန့်ယောင်း !!! မင်းအကြံပက်စက်လှပါလား
နောက်ကျောကိုဓားနဲ့ထိုးတယ်ပေါ့လေ "

"ဘယ်သူကသေချင်မလဲဗျ
ဆရာဝမ်ကဘာလို့ငြိမ်ခံနေတာလဲ
သရဲကို ဖုတ်ကောင်တွေနဲ့ တိုက်ခိုင်းလိုက်ပါတော့လား"

ဟုတ်သားပဲ ဘေဘီဖုတ် ၅ကောင်ကို ဒီနေရာမှာအသုံးမချရင် ဘယ်မှာအသုံးချရမလဲ။ သရဲရဲ့ဇောက်ထိုးမျက်နှာကြီးကို နှာခေါင်းတချက်အားပါးတရဆွဲညစ်ပြီး၊ ပုခုံးနှစ်ဖက်ကိုကိုင်လို့ တကိုယ်လုံးလည်နေအောင် ဝိုင်းကြီးပတ်ပတ်လှည့်ပေးလိုက်တယ်။ သရဲမူးနေတုန်း ခုန်ဆွ၅ကောင်ကိုအသက်သွင်းရတယ်။

"ကဲ ကိုယ့်လူတို့ ဒီသောက်သရဲကို ချကြစမ်း "

ခုန်ဆွတွေက သရဲကောင်အနားပြေးလာကြတယ်။ သရဲက ရိပေါ်လက်ချက်နဲ့မူးဝေနေပြီး ကောက်ရိုးပုံမှာခွေခွေလေးလဲနေတယ်။

ဖုန်း ~ ခွပ် ~ ဖောင်း

ခုန်ဆွ၅ကောင်က သရဲကိုဝိုင်းဆော်ပလော်တီးကြတယ်။ သရဲခမျာ မြေမှာပြားနေတာပဲ။

Short Stories CollectionOù les histoires vivent. Découvrez maintenant