Nǐ shì wǒ de (4)

2.1K 338 19
                                    

Unicode

အခန်း() : အဆက်ဟောင်းနဲ့ ပြန်လည်ဆုံဆည်းခြင်း။

နှစ်နှစ်အချိန်က လွယ်လွယ်ပဲကုန်သွားခဲ့ပြီး ရှောင်းကျန့်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကလဲ တော်တော်လေးလူကြိုက်များပြီးအောင်မြင်ခဲ့တယ်။ တက်သစ်စလူငယ်လေးရဲ့ ပါရမီပါတဲ့ သရုပ်ဆောင်အရည်အသွေးကြောင့်ပဲ။ ပြီးတော့ သူနဲ့ တွဲဖက်မင်းသမီးရဲ့ လိုက်ဖက်ညီမှု့ကလဲ cp fan တွေပါရလာတဲ့အထိ့ပဲ။ သူဟာ တွဲဖက်မင်းသမီးနဲ့အတူ ပွဲတွေစုံတွဲလိုက် တက်ခဲ့ရပြီး ဆုတွေမနည်း ရခဲ့တယ်။ နောက်ထပ် သူသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတကားကလဲ မကြာခင်မှာထွက်လာတော့မှာဖြစ်ပြီး ရှောင်းကျန့်က တော်တော်လေးကို ဟစ်ဖြစ်သွားခဲ့တာ။

နောက်ထပ် ရှောင်းကျန့်ကို လူသိများစေတဲ့အကြောင်းရင်းကတော့ our song အစီအစဉ်မှာပါဝင်ခွင့်ရခဲ့တာပဲ။ ရှောင်းကျန့်သီချင်းဆိုတာကိုကြားဖူးတဲ့လူတိုင်းက ဒီကောင်လေးဟာ အဆိုတော်တယောက်ဖြစ်ဖို့မွေးဖွားလာတာလို့တောင်မှတ်ချက်ပြုကြတယ်။ သူက တကယ့်ကိုအဆိုကောင်းတဲ့သူတယောက်။ သူ့ရဲ့အသံကာလာက ချိုကြည်နေပြီး ဆွဲဆောင်မှု့လဲအားကောင်းတယ်။ ဘယ်လိုသီချင်းအမျိုးအစားကိုမဆို သူဆိုလိုက်ရင် ဘယ်သူမှ့သဘောမကျပဲမနေနိုင်ဘူး။ အောင်မြင်လာပေမဲ့ ဘဝင်မမြင့်တတ်ပဲ ၊ နှိမ့်ချတဲ့ အပြုအမူကောင်းတွေရှိပြီး လူတိုင်းအပေါ်ယဉ်ကျေးတဲ့ မင်းသားတလက်အဖြစ် အနုပညာအသိုင်းအဝိုင်းက‌လူတွေပါ ချစ်ခင်တာခံရတယ်။

နောက်ထပ်တနှစ် ထပ်ပြီး သည်းခံလိုက်ရင် သူဝမ်ရိပေါ်စီက လွတ်မြောက်ပြီ။ အခုချိန်မှာ သူ့မှာ ငွေကြေးလဲ အတော်အတန်ရှိနေပြီဖြစ်တယ်။ ဒီကြားထဲမှာ ဝမ်ရိပေါ်နဲ့စကားများရန်ဖြစ်ရတဲ့ အကြိမ်တွေလဲ မနည်းတော့။ မင်းသမီးတလက်နဲ့ သတင်းတစ်ခုထွက်တိုင်း ဝမ်ရိပေါ်က လူသတ်တော့မလို ဒေါသဖြစ်နေပြီး အဲ့နေ့တ‌နေ့လုံးလဲ ကောင်းကောင်းမနေရတော့ အမျိုးမျိုးရန်ရှာခံရတော့တာပဲ ။ ပြီးတော့ ကောလဟာလတွေကို သူ့အရှိန်အဝါနဲ့ ချက်ချင်း သတင်းအစအနဖျက်ပစ်ခိုင်းတော့တာပဲ။

Short Stories CollectionDonde viven las historias. Descúbrelo ahora