Nǐ shì wǒ de (3)

2.1K 324 10
                                    


Unicode

အခန်း() : Boss Wang က သဝန်တိုနေတာလား ?

"ငါမင်းကိုချစ်တယ်... ဒါဆို ရပြီလား ...မငိုနဲ့တော့ကွာ ...မင်းကိုကြည့်ရတာ ငါခေါင်းကိုက်လာပြီ "

သူ့စကားကြောင့် ရှောင်းကျန့်က ငြိမ်သွားသလို ဝမ်ရိပေါ်ကလဲ ဘယ်လိုတောင်ပြောထွက်သွားမှန်းမသိတဲ့ သူ့ပါးစပ်သူ ရိုက်နှက်လိုက်ချင်မိတော့တယ်။ ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေက သူ့ကို အသေအချာစိုက်ကြည့်နေပြီး အကြည့်တွေက ကောင်းတဲ့အရိပ်အယောင်တော့မဟုတ်တာသေချာတယ်။ ပိုပြီးတော့တောင် ရွံရှာသွားတဲ့ပုံ....

"ချစ်တယ်ဆိုတဲ့စကားက ဒီလိုပြီးစလွယ် အလွယ်ပြောဖို့မဟုတ်ဘူး။ မင်းတို့လို တန်ဖိုးမထားတတ်တဲ့သူတွေကြောင့် ဒီစကားက အပေါစားဆန်သွားခဲ့ပြီပဲ "

"ငါက..ငါ ..မင်းကို ချော့ချင်တာပါ ..ငါ ဘယ်လို‌လုပ်မှ့မင်းအငိုတိတ်မှာလဲ ..ငါမသိလို့ "

ဝမ်ရိပေါ်ရဲ့မျက်နှာက ရှက်စိတ်ကြောင့်နီရဲနေပြီး တခါမှ့မခံစားဖူးတဲ့ခံစားချက်မျိုးဖြစ်နေတယ်။ ဒါက သူ့အတွက် အတွေ့အကြုံအသစ်လိုပဲ။ သူ့ရှေ့က လူကို စိတ်ကျေနပ်အောင် ဘယ်လိုစကားမျိုး ပြောပေးရမယ်သူမသိဘူး။ ငိုနေတာ မမြင်ချင်တာပဲသိတယ်။

ရှောင်းကျန့်က ဝမ်ရိပေါ်ကို တွန်းဖယ်လိုက်ပြီး ကားတံခါးကိုဖွင့်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူ့ကိုယ်တခုလုံးက အနောက်ကနေ ရင်ခွင်တစ်ခုထဲ ပြန်ဆွဲဖက်ခံရတယ်။

"မင်းဘာဖြစ်ချင်နေတာလဲ ငါ့စီက ဘာများထပ်လိုချင်နေသေးတာလဲ"

"မင်းနဲ့ အိပ်ချင်တာလေ "

"မင်းရဲ့ အနေအထား ရုပ်ရည်နဲ့ဆို မိန်းမတွေရိုက်သတ်လို့မကုန်အောင်ပေါပါတယ်ကွာ ဘာဖြစ်လို့ ငါ့ကိုမှ့လဲ"

"ငါမင်းကိုကြိုက်လို့ ...မင်းနဲ့အိပ်ရတာကိုကြိုက်တယ်၊ ငါ့အနားနေပါ ငါမင်းလိုချင်တာ အားလုံးပေးမယ်လေ "

ဝမ်ရိပေါ်ခေါင်းထဲမှာ ငွေကြေးကိန်းဂဏန်းကလွဲလို့ လူသားဆန်မှု့က ပျောက်ဆုံးနေပုံရတယ် ။ သူ့အတွက်သူပဲ သိ့တဲ့ အတ္တသမား ။ လူတယောက်ကိုငွေကြေးနဲ့ တန်ဖိုးဖြတ်ချင်တဲ့သူ။

Short Stories CollectionWhere stories live. Discover now