You are my everything (2)

2.5K 389 17
                                    

Unicode

ဝမ်ရိပေါ်ရဲ့အချိန်တွေက ရွှေလိုတန်ဖိုးရှိပြီး သူ့အလုပ်နဲ့သူရှုပ်နေကာ အရုပ်ကလေးကို သူမေ့သွားခဲ့တယ်။ ၃လလောက်အကြာမှာတော့ မထင်မှတ်ပဲ ရှောင်းကျန့်ကိုပြန်တွေ့ပါတယ်။  ရှောင်းကျန့်က သူ့ကိုမမြင်ပါဘူး။ နားကြပ်လေးတဖက် နားမှာတပ်ပြီး သတင်းစာတခုကိုငုံ့ကြည့်နေတယ်။ ဟမ်ဘာဂါတစ်လုံးကိုလဲ ပလုပ်ပလောင်းစားနေသေးတာ ပါးလေးကိုဖောင်းလို့။

ဝမ်ရိပေါ်ကရှောင်းကျန့်ကို သူရောက်နေတဲ့ အထပ်မြင့်အဆောက်အဦး ပြတင်းပေါက်ကနေလှမ်းမြင်လိုက်တာဖြစ်တယ် ။အမြန်ပဲအောက်ပြန်ဆင်းလို့ သူထိုင်နေတဲ့ လမ်းဘေးခုံလေးနား အပြေးသွားလိုက်တယ်။ ဝမ်ရိပေါ်ရဲ့အနောက်မှာ ဘုမသိဘ့မသိနဲ့လိုက်လာတဲ့ သက်တော်စောင့်တအုပ်လဲရှိတယ်။ ခြေသံတွေအများကြီးကြောင့် ရှောင်းကျန့်က မော့ကြည့်တယ်။ ဝမ်ရိပေါ်ကိုတွေ့တာနဲ့ သရဲကိုမြင်သလိုမျိုး ထပြေးတာတန်းနေတာပဲ။

"ဟေ့ ရပ်စမ်း !!! "

အာဏာပြင်းတဲ့ crown prince ရဲ့အမိန့်သံက ရှောင်းကျန့်အပေါ်တော့ သက်ရောက်မှု့ရှိပုံ မပေါ်ဘူး။ ပြေးတာဆိုတာ မြန်လိုက်တာမှ့ ခဏလေးအတွင်းမှာကို အစအနပျောက်သွားတယ်။

တောက် ~~~

"ဒီဟာလေး ငါ့ကိုလုပ်သွားတာ များနေပြီ "

************************************

Hotel မြေအောက်ကားပါကင်နားအရောက်မှာ သူ့အနားကဖြတ်သွားတဲ့ ရင်းနှီးနေတဲ့ မျက်နှာလေးကြောင့် ဝမ်ရိပေါ်က စိတ်တိုစွာ အနောက်ကလိုက်သွားတယ်။ လူအုပ်လိုက်မြင်ရင် ထပ်ပြီးထွက်ပြေးသွားမှာစိုးတာကြောင့် သက်တော်စောင့်တွေကို ချန်နေရစ်ဖို့အမိန့်ပေးလိုက်တယ်။ ည ၈နာရီခွဲနေပြီ ...ဒီတယောက် အပြင်မှာ ဘာလုပ်နေတာလဲ ။ ရှောင်းကျန့်က ထူးထူးဆန်းဆန်း လည်သာဂျာကင်အနက်ရောင်နှင့်ဘောင်းဘီအနက်ကိုဝတ်ထားပြီး ပုံစံက သူမြင်ဖူးခဲ့တဲ့ခပ်ရိုးရိုးပုံစံမျိုးမဟုပ်ပဲ ဂျစ်ကန်ကန်ရုပ်ပေါက်နေတယ်။ မျက်နှာကိုလဲ မော့ချီထားလိုက်တာ တလောကလုံးသူ့လုပ်စာ ထိုင်စားနေရသည့်အတိုင်း ။ အဆိုးဆုံးက ဝမ်ရိပေါ်ကိုအကောင်လိုက်မြင်တာတောင်မမြင်ချင်ယောင်ဆောင်ပြီးဖြတ်သွားတာကိုပဲ။

Short Stories CollectionTahanan ng mga kuwento. Tumuklas ngayon