Unicode
မြို့ထဲဝင်လိုက်တာနှင့် မီးခိုးလိုအခိုးအငွေ့တွေက ပတ်ဝန်းကျင်မှာ ရစ်ဆိုင်းနေတယ်။ စာရေးဆရာက သူ့ဇာတ်လမ်းထဲမှာ နေ့ခင်းဘက်တခန်းမှ့ရေးသားခဲ့ပုံမပေါ်။ တချိန်လုံးကိုမှောင်နေတော့တာပဲ။
အင်းပေါ့လေ။ သရဲ၀ထ္ထုဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့ ...
"ရှောင်းးး ~~ရှောင်း ...ကျန့် ..."
ရှောင်းသရဲက ရိပေါ်ရဲ့ အသံတုန်တုန်ကိုကြားသွားပြီး လမ်းလျောက်စရာမလိုပဲလေထဲအလိုလို မျောလွှင့်လာတယ်။
"နတ်ဆရာသောက်ရူး သေဖို့ပြင်ထားးးး "
လက်သည်းရှည်ကြီးများချွန်ထွက်လာပြီး ရိပေါ်ကိုကုပ်မလိုဖဲ့မလိုလုပ်လာတာကြောင့် တွေ့ကရာ အိမ်ထဲဝင်ပြေးရတယ်။
ဂျိန်း ~~~ ဇွတ်
တံခါးပိတ်တာ မြန်သွားတယ် ။ ရှောင်းသရဲ ရဲ့လက်သည်းချွန်တွေက တံခါးကိုဖောက်လို့ စိုက်ဝင်နေတယ်။
"သတ်ပစ်မယ် သတ်ပစ်မယ် "
ရိပေါ်က ဓားအတိုလေးကိုထုတ်ပြီး လက်သည်းအားလုံးဖြတ်ချပေးလိုက်တယ်။ စာအုပ်ထဲကဓားမို့လားမသိဘူး ထက်လိုက်တာလဲလွန်ရော တိခနဲပဲ။
"ရှောင်းကျန့် ကိုယ်ပြောတာနားထောင် "
"ဟင်းးးးးး "
သရဲကား လက်သည်းညှပ်ခံထိ့၍ အလွန်ဒေါပွနေလေပြီ။ တံခါးကိုရိုက်ဖျက်လို့ဝင်လာပြီး ကြောက်စရာကောင်းအောင် မျက်နှာတစ်ခုလုံး သွေးမျက်ရည်များစီးကျလျက် နည်းမျိုးစုံနဲ့ ရှယ်ခြောက်လန့်တော့တယ်။ ဟိုဘက်ကပေါ်လိုက် ဒီဘက်ကပေါ်လာလိုက် ဖြစ်နေတဲ့ လျှာတစ်လစ်နဲ့သရဲကိုရိပေါ်က မျက်လုံးစုံမှိတ်လို့ ပြေးဖက်တယ်။ မျက်လုံးလဲသေချာမဖွင့်ကြည့်ရဲဘူး။ ရှောင်းသရဲက အရမ်းကြောက်ဖို့ကောင်းတယ်။
"မခြောက်ပါနဲ့တော့ !!! မခြောက်နဲ့တော့
ကိုယ်မင်းကိုကြောက်မှာမဟုတ်ဘူး..."သရဲရဲ့ထွက်နေတဲ့ လျှာအရှည်ကြီးက ပြန်ဝင်သွားတယ်။ ရှောင်းသရဲက သူ့လက်ကအတင်းရုန်းတယ်။
YOU ARE READING
Short Stories Collection