Unicodeသူ့ကို သူ့ထက်ပို၍.... ( Part 7 )
ဝမ်ရိပေါ်ရဲ့အခြေအနေက ပိုဆိုးလာနေပြီး စိတ်ရောဂါအထူးကုနဲ့ပါ ဆွေးနွေးကြည့်ရတော့တယ်။ ဆရာနဲ့ သေချာ နှစ်ယောက်ထဲစကားပြောကြည့်တဲ့အခါမှာတော့ ရိပေါ်ကို ဒီလိုမှတ်ချက်ချပါတယ်။
"အပြစ်မကင်းစိတ် ၊ ကိုယ်ပြုခဲ့မိတဲ့ အမှားတွေအတွက် ယူကျုံးမရစိတ်နဲ့ ဝမ်းနည်းစိတ်ကြောင့် စိတ်မလုံခြုံမှု့ဖြစ်နေတာပါ။ ဒီစိတ်ကြောင့် အစာလဲ စားဝင်နိုင်မှာမဟုတ်ဘူး။ အိပ်လို့လဲပျော်နိုင်မှာမဟုတ်ဘူး...တနုံ့နုံ့နဲ့ အချိန်တိုင်းခံစားနေရလိမ့်မယ် "
ဟုတ်တယ်။ ရှောင်းကျန့်ကိုပြန်ရှာမတွေ့မချင်း ....ရှောင်းကျန့်စီက ခွင့်လွှတ်ပါတယ်ဆိုတဲ့စကား မကြားရမချင်း ၊ ရှောင်းကျန့်ရဲ့ လက်ကလေးကို တသက်စာအတွက် ပိုင်ပိုင်နိုင်နိုင် ကိုင်ဆွဲထားခွင့် မရမချင်း ...ဝမ်ရိပေါ်က ခံစားနေရဦးမှာပဲ။ အချစ်နာကျတယ်ပဲဆိုဆို ...အချစ်ရူးလို့ပဲပြောပြော ...သူမရှက်ဘူး။ ဂရုလဲမစိုက်ဘူး။ သူလိုချင်တာ ရှောင်းကျန့်ကိုပြန်တွေ့ရဖို့ .....ရှောင်းကျန့်အနား အရင်လိုပြန်နေခွင့်ရဖို့ ....
" အစ်ကို သူတို့လာတယ် ၊ ဓာတ်ပုံထဲက တယောက်လဲပါတယ် အစ်ကို ၊ ကလပ်ကို အမြန်လာခဲ့ပါ "
waiter လေးစီက ဖုန်းရတော့ ဆေးရုံမှာ ယွီပင်းနဲ့ရိပေါ်နှစ်ယောက်ထဲသာ ရှိနေတဲ့အချိန်ဖြစ်တယ်။ ဝမ်ရိပေါ်က လက်ကဆေးပိုက်ကို အလောတကြီး ဆွဲဖြုတ်တယ်။ အသက်မဲ့နေခဲ့တဲ့သူ့မျက်ဝန်းမှာ ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်အလင်းရောင်လေးသန်းလာခဲ့တယ်။
"ကျွန်တော်မောင်းပေးမယ် ကားကို "
မသွားနဲ့တားလဲ မရမဲ့အတူတူ ယွီပင်းက ရိပေါ်လက်ထဲက ကားသော့ကိုဆွဲလုလိုက်တယ်။ ကလပ်ကိုရောက်တော့ကားလမ်းပိတ်တာ ဘာညာနဲ့မို့ ည၉နာရီကျော်နေပြီ။ ကောင်လေးက သူ့သူငယ်ချင်းတွေကြားထဲမှာ ရယ်မောသောက်စားနေတယ်။
"ဟေ့ ..."
"ခဗျား ..."
ဟောက်ရွှမ်းက ရိပေါ်ကိုမှတ်မိသွားပြီး ရုတ်တရက်မို့ သူ့ကိုအရင်တခါလိုထိုးမယ်အထင်နဲ့ ဘေးကဘီယာပုလင်းကိုလက်တဖက်မှာကိုင်ပြီး အသင့်ပြင်ထားလိုက်တယ်။
ESTÁS LEYENDO
Short Stories Collection