Unicode
လေထွက်ပေါက်ဟူသည် လုံလုံလောက်လောက်မရှိတဲ့ မြေအောက်ခန်းတစ်ခု ။ ပတ်ဝန်းကျင်မှ့ မီးတိုင်များက အလင်းရောင်ကြောင့် ဒီအမျိုးသားရဲ့ပုံရိပ်ကို ထင်းထင်းလင်းလင်းရှိစွာ မြင်နေရသည်ပင်။ ရပ်လျက်အနေအထားအတိုင်း လက်နှစ်ဖက်ကနံရံမှာ သံကြိုးဖြင့်ဆွဲချိတ်ခံထားရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် မေ့မြောနေတဲ့ ဒီလူ။
ဒီလူကို သူ့အသွေးအသားထဲက ခါးသက်နေအောင်မုန်းသည်။ ဒီလူရဲ့အကြောင်းစဉ်းစားမိတာနဲ့ သူ့သွေးကို ချက်ချင်းဖောက်ထုတ်ပြီး အရသာခံကြည့်လိုက်။ ကျိန်းသေပေါက် ခါးနေမှာသေချာတယ်။ ဒီလောက်ထိ့ ဒီလူကိုနာကြည်းတယ်။
ဖြူဆွတ်ဆွတ် အဝတ်အစားတို့က သွေးရောင်နဲ့ရောကာ ညိုညစ်ညစ်အရောင်ပြောင်းနေတယ်။ ကြာပွတ်ဒဏ်ကြောင့် အဝတ်အစားတို့ကစုတ်ပြဲနေပြီး ပုခုံးသားတဖက်ပင်ပေါ်နေခဲ့ပြီ။ ခေါင်းငိုက်စိုက်ကျလို့ သတိလစ်နေတာတောင် သွယ်လျပြီး ကြည့်ကောင်းတဲ့ကိုယ်ဟန်၊ မျက်တောင်ဖျားလေးတွေနဲ့ အရင်လို နီထွေးမနေတော့ပဲ ဖြူဖျော့နေတဲ့ နှုတ်ခမ်းပါးလေး ...
"ထစမ်း !!! "
အနားမှ့ အစောင့်တစ်ဦးက မျက်နှာကိုရေဖြင့် ပက်နိုးပေးလိုက်တယ်။ တလှုပ်လှုပ်နဲ့ လှုပ်ရှားလာတဲ့ ဒီပုံရိပ်လေး ...တဖြည်းဖြည်းပွင့်အာလာတဲ့ မျက်တောင်ဖျားလေးတွေမှာ သူ့ရဲ့စိတ်အစုံက တဒင်္ဂခိုနားမိတယ်။
ဒီလောက်နှိပ်စက်ခံထားရတာတောင် လှနေဖို့လိုလို့လား ၊ ခဗျားက မာယာများလိုက်တာ ....
"အင် ~~~ဟင်းး "
ညည်းသံတိုးဖျော့ဖျော့နဲ့ သူ့ကိုစိုက်ကြည့်လာတဲ့ သုံးလောကတခွင် ပြိုင်ဘက်ကင်းလောက်အောင် လှရက်လွန်းတဲ့ မျက်ဝန်းတွေ ၊ ဒီမျက်ဝန်းရှည်သွယ်သွယ်လေးမှာ သူကျရှုံးခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ....
"နိုးပြီလား ၊ ခဗျားကို ဘယ်သူက ဒီလောက်ကြာကြာ အိပ်နေခိုင်းလို့လဲ ..."
အဝတ်အစားနဲ့ပုံစံအရ ရန်သူဆိုတာ သိလိုက်ပြီးတဲ့နောက် ရှောင်းကျန့်က အသနားခံမှု့လေးတောင် မလုပ်ချင်ခဲ့တော့။ သူတို့ရဲ့နိုင်ငံကြီးက ကျူးကျော်သူတွေကြောင့် ပျက်သုန်းလေပြီ။ ဘုရင်လဲ ကံကုန်ခဲ့ရပြီ။ တမိသားစုလုံးလဲ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည်မှာ တသက်လုံး ပင်ပင်ပန်းပန်းဘာမှမလုပ်ဖူးခဲ့တဲ့ ရှောင်းကျန့်လိုသခင်လေးတယောက်အတွက်တော့ ခက်ခဲလွန်းလှတယ်။ ပြေးရင်း သူ့မိသားစုဝင်တွေနဲ့တကွဲတပြား ဖြစ်ခဲ့ရတယ်။ သူတယောက်ထဲ ကြိုးစား ထွက်ပြေးခဲ့ပေမဲ့ နယ်စပ်ပင်မရောက်လိုက်၊ ရန်သူ့ဘက်မှ့ စစ်သုံ့ပန်းအဖြစ် အဖမ်းဆီးခံခဲ့ရတယ်။
KAMU SEDANG MEMBACA
Short Stories Collection