Endless Summer (4)

3K 423 27
                                    

Unicode

အခြေအနေပေးတာနှင့် အပြင်ကိုခိုးထွက်လို့ စုံစမ်းကြည့်ခဲ့ပေမဲ့ သူ့မိသားစုနဲ့ပတ်သက်လို့ဘာသတင်းမှ့မရခဲ့။ အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းမကြားတာကိုပဲ ရှောင်းကျန့်က ဝမ်းသာရမလိုဖြစ်နေတယ်။ အခုလို သတင်းအစအနပျောက်နေတာကိုက လွှတ်မြောက်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ ဝမ်လေးကိုပဲ ချော့မော့ပြီး စကားအစ်ကြည့်ရင်ကောင်းမယ်လို့ ရှောင်းကျန့်ကတွေးမိတယ်။

သူထွက်သွားတာ အချိန်သိပ်မကြာပေမဲ့ ရိပေါ်စီဘယ်လိုသတင်းရောက်သွားသည်မသိ။ အိမ်တော်ထဲ ဝင်လိုက်တာနဲ့ ကြောက်လန့်နေကြတဲ့အလုပ်သမားတွေနဲ့ ရှိသမျှအကုန်ဖျက်စီးသောင်းကျန်းနေတဲ့ ဝမ်ရိပေါ်ကိုတွေ့လိုက်ရတယ်။

"ဒါက ဘယ်သွားခဲ့တာလဲ !!! "

"ကိုယ်...အိမ်တော်ထဲမှာနေရတာ မွန်းကြပ်လာလို့ အပြင်ခဏထွက်မိတာပါ "

"ဘာလဲ ဒဏ်ရာတွေ သက်သာစပြုပြီဆိုတော့
ထွက်ပြေးချင်ပြီပေါ့ ၊ ဒါမှ့မဟုတ် နောက်ထပ် ဒဏ်ရာအသစ်တွေ ထပ်လိုချင်တာလား "

"မဟုတ်ပါဘူး တောင်းပန်ပါတယ် ဝမ်လေး
ကိုယ်တောင်းပန်ပါတယ်နော် စိတ်မဆိုးပါနဲ့တော့ ကိုယ်အခုမင်းစီပြန်လာတာပဲလေ ထွက်ပြေးသွားတာမဟုတ်ပါဘူး "

"ကျုပ်ကို ရင်းနှီးသလို မခေါ်နဲ့
ဘာလဲ ခဗျားက အရင်လို ရွှေဘုံစံသခင်လေးဘဝကိုမမေ့နိုင်သေးတာလား ၊ ခဗျား သိထားဖို့က ဒီအိမ်တော်မှာ ခဗျားက ကျုပ်ရဲ့ အစေခံပဲ ကြားလား !!! "

ဝမ်ရိပေါ်ရဲ့ ဟိန်းဟောက်သံကြောင့် ရှောင်းကျန့်က အသံတိတ်လို့ သူ့ကိုကြည့်နေခဲ့တယ်။

"နောက်တခါ သူအပြင်ထပ်ထွက်တယ်ကြားရင် မင်းတို့အားလုံး အရင်ခေါင်းပြတ်မယ် "

"သေချာစောင့်ကြည့်ထားပါ့မယ် "

အနားက နောက်လိုက်ငယ်သားတွေကတော့ တွေးနေကြပါတယ်။ သူတို့ရဲ့စစ်သူကြီးက ဒီစစ်သုံ့ပန်းလေးကို ဘယ်လောက်တောင်သဘောကျတာလဲ။ နှုတ်ကနေသာ ကြမ်းတမ်းစွာပြောဆိုနေပေမဲ့ ရှောင်းကျန့်ဒဏ်ရာနဲ့ နေမကောင်းတဲ့ တလလုံး ဆေးကအစသူကိုယ်တိုင်ကျိုတိုက်တာ။ ထောင်စောင့်ကိုလဲ အသက်မသေရုံတမယ်အပြစ်ပေးခဲ့တာ။ အစေခံ ၊ အစေခံ နဲ့ သုံးနှုန်းနေပေမဲ့‌  ရှောင်းကျန့်ကိုယ်မှာဆင်ထားပေးသည့် အဝတ်တွေက တိုင်းပြည်ရဲ့ အကောင်းဆုံး ဈေးအကြီးဆုံး ပိုးထည်တွေ။

Short Stories CollectionDonde viven las historias. Descúbrelo ahora