Unicode
အခန်း(၅) : အချစ် နှင့် အမုန်းတရား
" ယဲ့ဖုန်းလောင်ရှီးက ရှောင်းကောကို သူ့ရဲ့ private မွေးနေ့ပွဲ ဖိတ်ထားတယ် "
"ဘယ်နေ့လဲ ဘယ်အချိန်လဲ "
"ဟို ...ဒီနေ့ညပါ ..."
" အဲ့ဒါ မင်းငါ့ကိုဘာလို့ ကြိုမပြောတာလဲ "
"ကျွန်တော်လဲ ခုနမှ့ သိတာ boss ၊ဒါတောင်သူဖုန်းပြောတာ ခိုးနားထောင်နေရင်းကြားမိတာ ...ဒီနေ့ရှောင်းကောက မဂ္ဂဇင်းတစ်ခုအတွက် ဓာတ်ပုံရိုက်ပေးစရာရှိတယ်။ ဒီကအပြန် တန်းသွားမယ်ထင်တယ်။ အခု မိတ်ကပ်စပြင်နေပြီ "
"ကျစ် ! သူသွားမှာ သေချာတယ် ဟာကွာ ! "
မန်နေဂျာ ဝတုတ်က ဘာမှ့တောင်ပြန်မပြောရသေးခင် ဝမ်ရိပေါ်က ဖုန်းချသွားခဲ့လေပြီ ...
ညက ရှောင်းကျန့်နဲ့ ထုံးစံအတိုင်း သဝန်တိုပြီးစကားအချေအတင်ဖြစ်ကာ ရန်ဖြစ်ကြရင်း ရှောင်းကျန့်က ညတွင်းချင်း သူ့ရဲ့ကွန်ဒိုကိုပြန်ချသွားတာ။ ရှောင်းကျန့်က သိပ်ဆိုးတယ်။ တစ်ခုခုဆို ဓားသွားထက် ပိုထက်တဲ့နှုတ်ခမ်းလေးက လူကိုဘာမှဆက်မလုပ်နိုင်တော့အောင် စကားနဲ့ထိုးနှက်တတ်တယ်။ သူရှောင်းကျန့်ကို တကယ်မနိုင်ဘူး။ စိတ်ညစ်ညစ်နဲ့ မူးအောင်သောက်ပြီး ရေကန်ထဲတညလုံးနီးပါး စိမ်နေခဲ့တာကြောင့် အခု မနက်နိုးလာတော့ ခေါင်းတွေအုံထူနေပြီး နာကျင်ကိုက်ခဲနေတယ်။
ရှောင်းကျန့်က ဒီရိုက်ကူးရေး ၃လတာ ကာလအတွင်း ယဲ့ဖုန်းနဲ့ ပြန်ပြီးအဆင်ပြေသွားခဲ့ပြီလား။ အင်းပေါ့လေ အစကတည်းက သူတို့က ချစ်သူတွေပဲ ။ ကိုယ်ကသာ သူတို့ကြား ဖျက်လိုဖျက်စီးလုပ်ခဲ့တဲ့ လူ။ စာချုပ် သက်တမ်းပြည့်သွားတဲ့အခါ...ရှောင်းကျန့်က သူ့ကိုထားခဲ့တော့မှာ သူသိတယ်။ သူဘာလုပ်ရမလဲ ။ ရှောင်းကျန့်ကို ဘယ်သူ့ကိုမှ့ မပေးနိုင်ဘူး။ လက်ထဲမှာ ပိုင်ဆိုင်ထားရသယောင်ထင်ရပေမဲ့ ဒီနှစ်နှစ်ကျော်လုံး ရှောင်းကျန့်ကို သူတခါမှ့ အမှန်တကယ်မပိုင်ဆိုင်ခဲ့ရဖူးပါဘူး။
BINABASA MO ANG
Short Stories Collection