Nǐ shì wǒ de (1)

3.1K 340 26
                                    

Unicode

အခန်း(၁) : ချစ်သူပေးတဲ့ မွေးနေ့
လက်ဆောင်

"ယဲ့ကော ...ဒီမှာအရမ်းဆူတယ်
ကျွန်တော်မကြိုက်ဘူး
ပြန်ရအောင်ပါ "

ရှောင်းကျန့်က ယဲ့ဖုန်းရဲ့ အနားကို ကပ်လို့ အော်ပြောတယ်။ သူ့ရဲ့လက်ကောက်ဝတ်မှာ VIP ဆိုတဲ့ ကွင်းလေးဝတ်ထားရတယ်။ Club အတွင်းထဲရောက်တော့ DJ Song သံက နားကွဲမတတ်ဆူညံနေတယ်။ ခုန်ပေါက်ကခုန်နေကြတဲ့လူတွေကိုကြည့်ပြီး ရှောင်းကျန့်က မသောက်ပဲမူးလာတယ်။ ဒါသူ ပထမဦးဆုံး ကလပ်ကိုရောက်ဖူးခြင်း။

ဒီနေ့က ရှောင်းကျန့်ရဲ့ ၂၄နှစ်ပြည့် မွေးနေ့ဖြစ်တယ်။ မွေးနေ့မှာ အံ့ဩစရာလက်ဆောင်တစ်ခုပေးမယ်ဆိုပြီး ယဲ့ဖုန်းက သူ့ကိုဒီကိုခေါ်လာတာပဲ။ ယဲ့ဖုန်းက ရှောင်းကျန့်ရဲ့ ချစ်သူဖြစ်ပြီး သူတို့တွဲကြတာ သိပ်တော့မကြာသေးဘူး။ သူတို့နှစ်ယောက်စလုံးက K Entertainment နဲ့ စာချုပ်ချုပ်ထားတဲ့ တက်သစ်စ သရုပ်ဆောင်တွေ။ ယဲ့ဖုန်းက သူ့ထက် စီနီယာပိုကျပေမဲ့ ရုပ်ချောပြီးသရုပ်ဆောင် သိပ်မကောင်းတာကြောင့် company ရဲ့ချောင်ထိုးခံထားရသူတယောက်။ သူလဲ ဘာထူးလဲ ၊ဟိုကိစ္စတွေဖြစ်ပြီးကတည်းက အရင်လို ဇာတ်ပို့နေရာလောက်တောင် သရုပ်ဆောင်ခွင့်မရတော့တာကြာပေါ့။

မကြာခင်မှာ company က အသစ်ရိုက်ကူးဖို့ရှိတဲ့  historical ဇာတ်ကားအတွက် ခေါင်းဆောင်မင်းသားနေရာကို သူတို့နှစ်ယောက်စလုံး ပါဝင်ခွင့်ရဖို့ မျှော်မှန်းထားကြတာ။ နာမည်ကြီးဝထ္ထုကိုပြန်ရိုက်မှာ ဖြစ်တာမို့လူစိတ်ဝင်စားမှု့နှုန်းမြင့်နေတဲ့အပြင် မင်းသားအသစ်တင်မယ်ဆိုတဲ့ သတင်းကိုလဲကြားထားပြီးသားပင်။ ရှောင်းကျန့် ဒီ company ကို စရောက်ကတည်းက ယဲ့ဖုန်းက အစ်ကိုကြီးတယောက်လို သူ့ကိုအရာရာဂရုစိုက်ပေးခဲ့တယ်။  ယဲ့ဖုန်းဘက်က ချစ်ခွင့်ပန်လာတော့ လေးစားရင်းစွဲရှိပြီးသားလဲဖြစ် အနုပညာကိုရူးသွပ်တဲ့ ဘဝတူချင်းလဲဖြစ်တာကြောင့် သူလက်ခံခဲ့ပါတယ်။ သူတို့က ရင်ဘတ်ချင်းနီးကြတယ်လေ။ နောက်ခံ အသိုင်းအဝိုင်းကောင်းကောင်းမရှိတာချင်းလဲတူတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ဝါသနာအတွက် ကြိုးစားနေကြရတာချင်းလဲတူတယ်။

Short Stories CollectionWhere stories live. Discover now