Wo yao ni de ai (5)

4.6K 522 33
                                    


Unicode

"လာ မင်းနဲ့ငါ စာရင်းရှင်းမယ် "

" မလိုက်ဘူးနော် ဖယ်စမ်း "

ရှောင်းကျန့်ကဘယ်တုန်းကများ သူ့ကိုနိုင်ဖူးလို့လဲ ။ ဆွဲခေါ်ရာအတိုင်း ပေကပ်ကပ်နဲ့ပါလာပြီ။ လူရှင်းတဲ့ ကျောင်းဆောင်အနောက်ဘက်နားထိ ဆွဲခေါ်သွားပြီး နံရံမှာ ဖိကပ်ညပ်ထားလိုက်တယ်။

"ဟေ့ကောင် ငါ့အကျီက အဖြူ ၊ ပေကုန်တော့မှာပဲ "

"ပေမှာစိုးရင် ရှေ့တိုးလိုက်လေ "

"ရှေ့တိုးရင် မင်းမျက်နှာနဲ့ ထိမိတော့မယ်လေ
မင်းကအလိုက်တသိနောက်ဆုတ်ပေးလေ "

"မဆုတ်ပေးနိုင်ဘူး ၊ နံရံမှာ ကပ်ပြီးအပေခံမလား၊ငါ့မျက်နှာနားကပ်မလား ရွေးလိုက် "

ရှောင်းကျန့်က ချက်ချင်းပဲ နံရံနားကျောကပ်လိုက်ပြီး သူနဲ့ဝေးအောင်ကြိုးစားနေတယ်။

"ဘာလဲ ဘာပြောမလို့လဲ မြန်မြန်ပြော"

"အတန်းချိန်လွတ်လို့မဖြစ်တာကို... ပညာတတ်မှ့ အိမ်ပေါ်ကဆင်းရင် အလုပ်ရှာစားလို့ရမှာ "

"ဘာတွေတိုးတိုး တိုးတိုးနဲ့ ရေရွတ်နေတာလဲ"

"ဘာမှမဟုတ်ဘူး "

"အိမ်ပေါ်က ဆင်းမယ်ဆိုလား
ကြားလိုက်သလိုပဲနော် "

"မပြောမိပါဘူး "

"ငါ့ကိုမလိမ်နဲ့နော် ရှောင်းကျန့် "

ရိပေါ်က ရှောင်းကျန့်ရဲ့မျက်နှာကိုဖျစ်ညှစ်လိုက်တာကြောင့် နှုတ်ခမ်းရဲလေးက ဝက်လိုဆူထွက်လာတယ်။ ရှောင်းကျန့်က သူ့လက်တွေနဲ့ ရိပေါ်ရဲ့လက်ကိုပြန်ကုပ်ဖဲ့တော့တယ်။

"ရွတ် !! ရွတ်စမ်း.... "

"ဘာတွေပြောနေတာလဲ
ပြော !!! အိမ်ပေါ်က ဘာလို့ဆင်းမှာလဲ "

ရိပေါ်က ရှောင်းကျန့်ပါးကိုလွှတ်ပေးလိုက်တယ်။

"မင်းနဲ့ကြည်ဝေနဲ့ ကြိုက်နေကြပြီမလား ယွီပင်းကမင်းတို့အတွဲကိုအအေးဆိုင်မှာတွေ့ခဲ့တယ်တဲ့၊ဒီပွဲမှာ မင်းနိုင်ပါတယ် မင်းကအမြဲနိုင်နေကျပဲ၊မင်းတို့ညားရင် ငါ့ကိုအိမ်ပေါ်က နှင်ချမှာမလား၊ငါစာပိုကြိုးစားရမယ် ဒါမှ့ အနာဂတ်လှမှာ "

Short Stories CollectionTahanan ng mga kuwento. Tumuklas ngayon