You are my everything (5)

2.3K 354 23
                                    

Unicode

"ဦးလေးကြီးက ဘယ်သူလဲ "

ဝမ်ရိပေါ်က တံတွေးမြိုချလိုက်တယ်။ သူက သတိအနေအထားနဲ့ပြောတယ်။

"မင်းကရော "

"သားက ရှောင်းထု့ထု့ပါ ။ အသက် ၅နှစ်ပြည့်ပြီးပါပြီခဗျ ။ ဦးဦးကရော "

"ဦးက ဝမ်ရိပေါ်တဲ့ "

"သားသား ဒီကိုဘယ်လိုရောက်နေတာလဲဟင်
သားရဲ့ မားမားရော ဘယ်သွားလဲဟင် "

ဝမ်ရိပေါ်က ခေါင်းထဲရှုပ်ထွေးသွားတယ် ။ဒါပေမဲ့ ရှောင်းကျန့် ကိုယ်ထဲက ဘယ်ပုံစံမျိုးကိုမဆို သူရင်းနှီးချင်တယ်။ သူ့ကိုလည်း မှတ်မိနေစေချင်တယ်။

"သား မားမားက ခရီးထွက်သွားတယ်
သားကိုဦးဦးနဲ့ ထားခဲ့တာ ၊ ဦးဦးနဲ့ နေမယ်မလားဟင် ။မုန့်တွေအများကြီးကျွေးမယ်လေ
ချောကလက်တွေ ၊ ကိတ်တွေ ချိုချဉ်တွေလဲ ‌ကြိုက်သလောက်စားရမယ် "

"တကယ်လား "

ဝမ်ရိပေါ်က ချက်ချင်းပဲ စားဖိုဆောင်ကိုစားစရာတွေပြင်ဆင်လို့ လာပို့စေတယ်။ ရှောင်းကျန့်က ချောကလက်ကိတ်တွေကို လက်နဲ့ပေပွနေအောင်ယူစားတော့တာပဲ။ဝမ်ရိပေါ်က သူ့အသဲကျော်လေးကိုကြည်နူးစွာကြည့်နေတယ် ။

ရှောင်းကျန့်ငယ်ငယ်က ဒီလိုအာပေတူးလေးလား ။ပါးပြင်တွေမှာပါ ချောကလက်တွေပေပွနေတော့တာပဲ။ သူငယ်ငယ်ကဆို စည်းကမ်းနဲ့နေရတာမို့ အစာစားရင်အသံမထွက်ရ။ အောက်မကျရ။ စသဖြင့်စုံနေအောင်ပဲ လိုက်နာရတာ။

"ဦးဦးက အရမ်းသဘောကောင်းတာပဲ "

"သဘောကောင်းရင် အာဝါးပေးပါဦး "

မွ့ ~~~ မွ

ဝမ်ရိပေါ်ရဲ့ ပါးပြင်တဖက်က ချောကလက်များပေပွသွားတော့တယ်။ ဟူးးး ရေပြန်ချိုးရတော့မှာပါပဲ။

"ဦးဦး ဆင်ကြီးမိုမိုစီးချင်တယ် "

"ဘာ ! "

"ဆင်ကြီးစီးမယ်လို့ လေးဘက်ထောက်လေ
မြန်မြန် ...သားသား ဆင်ကြီးစီးချင်လို့ပါဆို "

"အင်..."

ဝမ်ရိပေါ်ခမျာ ကြမ်းပြင်မှာ လေးဘက်ကုန်းပေးရရှာတယ်။ ရှောင်းကျန့်က မညှာမတာသူ့ကိုယ်ပေါ်တက်ခွပြီး စီးတော့တာပဲ။

Short Stories CollectionDonde viven las historias. Descúbrelo ahora