Unicode
ကောင်လေးဝမ်ကျယ်က အနုပညာလောကထဲကို ဝမ်ရိပေါ်ဆိုတဲ့ နာမည်နဲ့ပွဲဦးထွက်ခဲ့တယ်။ ဒီနာမည်ကို ဘာကြောင့်သုံးဖြစ်လဲဆို သူသဘောကျလို့ပဲ ဖြေရမှာပဲ။ အဖိုးအိုရဲ့ အဆောင်ကိုဝတ်ထားပြီးနောက်မှာတော့ သူ့ဘဝက ပုံမှန်ပဲပြန်ဖြစ်ခဲ့တယ်။ အိပ်မက်တွေလဲ ထပ်မမက်တော့ဘူး။ တဖြည်းဖြည်းနဲ့ သူဒီအကြောင်းတွေကို မေ့သွားခဲ့တယ်။
သူက တောင်ကိုရီးယားမှာ UNIQ အဖွဲ့ရဲ့ အသက်အငယ်ဆုံး singer ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ သူတရုတ်ကို ပြန်လာခဲ့ပြီး ဇာတ်ကားတွေလဲရိုက်ခဲ့တယ်။ သူက ဒီအချိန်ထိ အောင်မြင်မှု့ပန်းတိုင်ရောက်ဖို့ ကြိုးစားနေဆဲ လူငယ်လေးတယောက်ပါပဲ။
ရိပေါ်ရဲ့မတင်မကျစိတ်တွေက သူhost အဖြစ်ပါဝင်တင်ဆက်ခဲ့တဲ့ " Day Day Up " ( variety show ) ရဲ့ အစီအစဉ်တစ်ခုမှာ အစပြုတယ်။ အဲ့ဒီနေ့က ဖိတ်ကြားခံရတဲ့ သူတွေက တက်သစ်စ အမျိုးသားအဆိုတော်အဖွဲ့တဖွဲ့ဖြစ်တယ်။
"ကျွန်တော်ကတော့ xnine အဖွဲ့ဝင် ရှောင်းကျန့်ပဲ ဖြစ်ပါတယ် "
ပန်းနုရောင် အကျီလေးဝတ်ထားတဲ့ ကောင်လေးက အသံရော အမူအရာပါ အရမ်းကိုချစ်ဖို့ကောင်းလွန်းတာကြောင့် အဖွဲ့ဝင်တွေအများကြီးထဲမှာမှ့ သူ့ကိုရိပေါ်က သတိပြုမိသွားခဲ့တယ်။ အစီအစဉ်ပြီးတော့ ခေါင်းထဲမှာ ဇဝေဇဝါနဲ့ ဒီလူကို သူရင်းရင်းနှီးနှီးသိနေသလိုလို ...ဒီနာမည်ဒီအသံကိုကြားဖူးနေသလို ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ သူဘယ်လိုမှ့စဉ်းစားလို့မရဘူး။ နောက်တော့လဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပါပဲ။
ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ရေစက်က ဒီမှာ အဆုံးသတ် မသွားခဲ့ပြန်ဘူး။
"မင်းနဲ့တွဲသရုပ်ဆောင်ရမဲ့ မင်းသားကလဲတက်သစ်စ့ထဲကပဲ ၊ မင်းသိလားမသိဘူး xnine အဖွဲ့ကလေ ရှောင်းကျန့်တဲ့ ..."
" အာ ..သူနဲ့ ကျွန်တော် DDU မှာဆုံဖူးတယ် "
ဝမ်ရိပေါ်က ဖုန်းကိုထုတ်လို့ ရှောင်းကျန့်အကြောင်းကိုရှာဖွေလိုက်တယ်။ ဖုန်း screen မှာ သူ့ကို သွားအဖြီးသားရယ်ပြနေတဲ့ ကောင်လေးက ရိပေါ်ထက် အသက်၆နှစ်ကြီးသတဲ့။ မယုံနိုင်စရာ ....
JE LEEST
Short Stories Collection