Unicode
" ရှောင်းကျန့်ရား ....ရှောင်းကျန့်
မင်းသေလိုက်ပါတော့ကွာ "ကိုယ့်ခေါင်းကိုယ်ထု့လိုက် ဆံပင်တွေဆွဲဖွလိုက်နဲ့ အရူးတပိုင်းဖြစ်နေတဲ့ကောင်လေးကို ကားဆရာက ကျပ်ပြည့်ရဲ့လားလို့ မသိမသာ အကဲခပ်နေရပြီဖြစ်တယ်။ ရှောင်းကျန့်ကတော့ ဂရုမစိုက်အားပါဘူး။ သူအခုပဲ မိုးလောက်ကြီးတဲ့ ကိစ္စကြီး ကျူးလွန်ခဲ့တာ။ ဒီကိစ္စကြီးက computer ထဲက file တွေလို မကြိုက်ရင်ရော့ သွားdelete ဆိုပြီး ပြန်ဖျက်ပစ်လို့လဲမရ။ undo ဆိုပြီးပြန်ခေါ်လို့လဲမရ။
အားးးးးးး~~~~~~~
ငါဘယ်လိုစိတ်နဲ့များ ဒီကောင့်ကို နမ်းလိုက်မိတာပါလိမ့် .....မားမား ပါးပါး သားကိုကယ်ပါ.....
Hotel ပြန်ရောက်တာနဲ့ အမြန်ဆုံး passport ပြန်ယူရမယ်။ မှီရာ လေယာဉ်နဲ့ဖြစ်ဖြစ် ရထားနဲ့ဖြစ်ဖြစ် အိမ်ပြန်ရမယ်။ အမြန်ဆုံးလုပ်မှ့ ဖြစ်မယ်။ ဟိုကောင်ပြန်မရောက်ခင် .....
သောက်ကျိုးနည်း အရှက်ကွဲမှု့ကြီး ရှောင်းကျန့်ရာ ....
ဒါပေမဲ့ ရှောင်းကျန့်လေး ကံမကောင်းရှာပါ။ ဟိုတယ်ထဲဝင်တုန်းရှိသေး အပေါက်ဝမှာတင် ရှောင်းပါးနဲ့တည့်တည့်ကြီး တန်းတိုးတာပါပဲ။ မသိ့ခြင်ထောင်ထောင်ပြီး ထွက်ပြေးမယ်လုပ်ပေမဲ့လည်း....
"ရပ်လိုက်စမ်း အခုရပ်လိုက်စမ်း !!! "
"ပါးပါး ...ပါးက ဒီကိုဘယ်လိုရောက် ..."
"သောက်ကလေး မင်းအမေပြောတော့ ဆရာမအိမ်မှာ သူငယ်ချင်းတွေနဲ့ စာစုလုပ်နေတာဆို ၊ ဒါဆရာမအိမ်လား !!! ဒါဆရာမ့အိမ်လား... "
"ပါးကလဲ ဒါကဒီလိုရှိပြီး ဟိုဟာကဟိုလိုရှိ "
"တော် တန် တိတ် !!! ငါအခု ဘေကျင်းပြန်မှာ
မင်းပစ္စည်းတွေ အခုချက်ချင်းအမြန်သွားသိမ်းစမ်း။ ငါနဲ့တခါထဲပြန်လိုက်ခဲ့ ၊ အိမ်ရောက်မှ့ မင်းအမေဆူတာ ခံဖို့ပြင်ထားလိုက် ""ဟုတ် ..ဟုတ်ကဲ့ပါး "
ကံဆိုးထီးသွားရာ မိုးလိုက်လို့ရွာဆိုတာ ဒါမျိုးနေမယ်လို့ ရှောင်းကျန့်က ခပ်ချဉ်ချဉ်တွေးတယ်။ မသာကောင် ဝမ်ရိပေါ် အစုတ်ပလုပ် ကောင်းကျိုးမပေးတဲ့ဟာလေး။ တည်းစရာနေရာရှားလို့ ငါ့အဖေရှိတဲ့ ဟိုတယ်မှ့ ရွေးတည်းရသလား။ ပါးပါးကလဲ ဘာကိစ္စရှန်ဟိုင်းရောက်နေရတာလဲ။ အိမ်ရောက်ရင်တော့ နားဂွမ်းဆို့ထားရတော့မှာပဲ။ ဒါတောင် ရှိုးပွဲသွားကြည့်တာ မပေါ်သေးလို့။ ဒါပါသိသွားရင် သူတော့ သေပြီ။
YOU ARE READING
Short Stories Collection