Unicode
"ရှောင်းကျန့် ..."
" ဘာလာလုပ်တာလဲ ငါရေချိုးနေတယ် ထွက် ထွက် အခုထွက်သွားပေး "
"ဘာလို့လဲ တသက်လုံးဝင်ထွက်နေတဲ့
အခန်းကို "ရှောင်းကျန့်က ဆပ်ပြာရေတွေကိုအမြန်ပြောင်အောင် ရေလောင်းချရင်း အသံပြဲနဲ့အော်တယ်။
"တူမလား ၊ မင်းကငါ့အပေါ် မရိုးသားနေတာကို "
"ရိုးသားပါတယ် ရိုးရိုးသားသား
ချစ်မိရုံလေးကို ""မင်းကိုဘယ်သူက ပြန်ချစ်နေလို့လဲ "
"အလျော့ပေးထားတယ်ဆိုပြီး စွာမနေနဲ့နော်
မင်းငါနဲ့လက်ထပ်မယ်လို့ ပြောထားပြီးသား ""လူယုတ်မာ ! "
"ဘယ်မှာယုတ်မာရသေးလို့လဲ
အမြန်ထွက်လာတော့ အအေးမိမယ် "ကျောင်းရောက်တော့ရိပေါ်က သူအရမ်းပျင်းတဲ့ ဘာသာချိန်မို့အတန်းလစ်သွားတယ်။ ရိပေါ်မရှိတုန်း ယွီပင်းကို ညကကိစ္စတွေပြန်ဖောက်သည်ချပြီးတိုင်ပင်ရတယ်။ ယွီပင်းက လုံးဝစင်စစ်အဖြောင့်ကောင်ကြီးမို့ တအံ့တဩဖြစ်နေတယ်။
"ယောက်ကျားလေးချင်း ကြိုက်လို့ရတာတော့ထားတော့ ၊ ယူလို့ပါရတာလား "
"မသိဘူး ၊ ငါလဲ သိပ်တော့မရှင်းဘူး "
"ဝမ်ရိပေါ်က မင်းကိုအတည်ကြီး
ချစ်နေတာပေါ့ ""ငါလဲမသိဘူးလေ ၊ ငါဘာဆက်လုပ်သင့်လဲယွီပင်း"
"မင်းလုပ်ရမှာက သူ့ကိုယူရင်ယူ ၊မယူချင်ရင် အိမ်ကထွက်ပြေးပေါ့ ဒါပဲရှိတာပဲ "
"ငါ ရိပေါ်နဲ့ခွဲမနေဖူးဘူး ၊ ငါမသွားနိုင်ဘူး "
"မင်းလဲသူ့ကိုသံယောဇဉ်ရှိနေတာပဲ
အဲ့ဒါဆိုလဲ ဘာစဉ်းစားနေသေးတာလဲ
သူ့ကိုယူလိုက် ""ငါမှ့သူ့ကိုမချစ်တာ "
"ချစ်တယ်ဆိုတဲ့ ခံစားချက်အစစ်အမှန်ကို
မင်းသိ့လို့လား ""မသိဘူးလေ မင်းရောသိလား "
"ငါလဲမသိ... သိ သိ "
"ဟို ထောင့်ကနှစ်ကောင် !!!! ဘာတွေတိုးတိုးပြောနေကြတာလဲ။ နောက်ဆုံးနှစ်ဆိုပြီး ဆရာတွေကို အဖက်လုပ်စရာမလိုဘူးထင်တာလား !!!! "
YOU ARE READING
Short Stories Collection