Unicode
သူ့ကို သူ့ထက်ပို၍.... ( Part 4 )
"ကော ကျွန်တော့်ကို ဒီ ပုစ္ဆာလေး
ရှင်းပြပါဦး""ကော ဒါလေးကြိုက်တယ်မလား ၊ အကုန်စားလိုက်လေ "
"Sean ကော၊ ကျွန်တော်နဲ့ဘောလုံးသွားကန်ရအောင် "
"ကော ..."
"ကော ဒီနေ့လေ .."
"....."
ဝမ်ရိပေါ်ရဲ့ ငယ်ဘဝက sean ဆိုတဲ့အစ်ကိုကြီးကို ငေးကြည့်လို့ကြီးပြင်းလာရတယ်ဆို မမှားဘူး။ တစ်ဦးတည်းသော သားမို့အပေါင်းအသင်းမင်လွန်းတဲ့သူက sean ကိုတော့ သာမန်ထက်ကိုပိုပြီး သဲသဲလှုပ်စွဲလန်းခဲ့တာ။ ကောကသူ့ကိုဖခင်လိုလဲ ဆုံးမစကားတွေပြောတတ်တယ်။ မိခင်လိုလဲ စားချင်တာလေးတွေကိုယ်တိုင်ချက်ကျွေးတတ်သလို ၊ အစ်ကိုကြီးတစ်ယောက်လိုလဲ နွေးထွေးမှု့တွေပေးတယ်။ ပြီးတော့ သူငယ်ချင်းကောင်းတစ်ယောက်လိုလဲ သူ့အနားအမြဲရှိပေးတယ်။ ဒီတော့ ဒီလူကို ချစ်သူတစ်ယောက်လိုပါ မက်မောလိုချင်ခဲ့မိတာ ကျွန်တော့်အမှားလားဗျာ။
ကောက ရိပေါ်ထက် တနှစ်ကြီးပါတယ်။ ဒါပေမဲ့ကျောင်းအပ်နောက်ကျတာမို့ ရိပေါ်နဲ့အတန်းအတူတူပဲဖြစ်ခဲ့တယ်။ မိဘချင်းလဲရင်းနှီး အိမ်ချင်းလဲဘေးချင်းကပ်မို့ ကစားဖော်ကစားဖက်၊ ဆော့ဖော်ဆော့ဖက် ပါဖြစ်လာခဲ့တယ်။ ကောကသူ့ထက်တနှစ်ထဲကြီးပေမဲ့ အရမ်းကိုရင့်ကျက်တယ်။ ရည်မှန်းချက်ကြီးတယ်။ထူးချွန်တယ်။ လိမ်လဲလိမ်မာတယ်။ သူ့အပေါ်လဲအရမ်းကြင်နာတယ်။
ကောအပေါ်မှာ သူချစ်မိပြီလို့သေချာပေါက် အဖြေထွက်ခဲ့တဲ့နေ့ကိုမှတ်မိသေးတယ်။ အဲ့နေ့က ကောက နေသိပ်မကောင်းလို့ ကျောင်းမလာဘူး။ ရိပေါ်တစ်ယောက်ထဲ ကျောင်းဆင်းတော့ အိမ်ပြန်မယ်အလုပ် မိုးတွေကရုတ်တရက်ရွာချလာခဲ့တယ်။ အိမ်နဲ့ကျောင်းနဲ့က နီးနီးလေးမို့ ရိပေါ်က အမြဲလမ်းလျောက်ပဲသွားလေ့ရှိတယ်။ မိုးလွတ်ရာနေရာလေးမှာခိုရင်း မိုးတိတ်မဲ့အချိန်ကိုစောင့်နေတုန်း မိုးသဲနေတာမို့ မှုံဝါးဝါးပဲမြင်ရတဲ့အရိပ်လေးက သူနဲ့တဖြည်းဖြည်းနီးလာခဲ့တယ်။ ကောက ထီးအမဲလေးကိုကိုင်လို့ ရိပေါ်ကိုလာကြိုခဲ့တယ်။
BINABASA MO ANG
Short Stories Collection