A Fool (1)

2.5K 273 21
                                    

Unicode

ဒီကမ္ဘာမှာ ပုံစံအမျိုးမျိုးနဲ့ ရူးနေကြတဲ့လူတွေအများကြီးရှိတယ်။ ထက်မြက်လွန်းပြီး IQ မြင့်တဲ့ လူတော်တစ်ယောက်က စွဲလန်းမှု့‌တစ်ခုကြောင့် ရူးသွားတယ်ဆိုရင်ရော ......

တချို့က ငွေကိုရူးတယ်။ တချို့ကအာဏာ ။ တချို့က မသိမသာ။ တချို့က သွပ်သွပ်ခါ ။ လူတိုင်းက တနည်းမဟုတ်တနည်းတော့ အနည်းနဲ့အများ ရူးနေကြတာချည်းပါပဲ ။

ဝမ်ရိပေါ်ဆိုတဲ့ သူရူးကတော့ အချစ်ကြောင့် ရူးပါသတဲ့ ....

**********************************

မဖြီးမသင်တာကြာတဲ့ ဆံပင်ဘုတ်သိုက် ၊ အနက်ရောင် ပါဝါမျက်မှန်အိုတလက်နဲ့ ညှင်းသိုးသိုးပုံစံရှိတဲ့ လူတစ်ယောက်က ကြီးမားတဲ့ Long coat အညိုကြီးကို ဝတ်ဆင်ထားတယ်။ လက်ထဲမှာ သယ်လာတဲ့ ကတ်ထူပုံးကြီး၂ပုံးက အရွယ်အစားကြီးပြီး လေးမဲ့ဟန်တူတယ်။ သူက ကတ်ထူတွေကို တစ်ခုပေါ်တစ်ခုထပ်လိုက်ပြီး မ့လိုက်တယ်။

ဂျောက် ~~~

ကားလော့ချသံနဲ့အတူ အနှီလူကား အိမ်ကြီးထဲကိုဝင်ရောက်သွားပြီဖြစ်တယ်။ မျက်စောင်းထိုးအိမ်ရဲ့ ပြတင်း‌ပေါက်က ချောင်းကြည့်နေတဲ့ ၉နှစ်အရွယ်ကလေးငယ်လေးက ကစားစရာ မှန်ဘီလူးကို အောက်ချလိုက်တယ်။

"Daddy ... ဦးဦးဝမ်က သားတို့အိမ်ကို လာမလည်တာကြာပြီနော် ၊ ဘာဖြစ်လို့လဲဟင် "

"သူက နေမကောင်းလို့ပေါ့သားရယ်
သူ့ကိုစကားသွားပြောတာမျိုး အနှောင့်အယှက်သွားပေးတာမျိုး မလုပ်ရဘူးနော် "

"ဟုတ်ကဲ့ "

သားငယ်ကို စကားလမ်းကြောင်းလွှဲလိုက်ပေမဲ့ လူကြီးတွေကိုယ်တိုင်က ထိုအိမ်ကြီးစီက အကြည့်မလွှဲနိုင်ကြ။

ပရော်ဖက်ဆာ Wang Yi Bo ....

ဒီအမျိုးသားဟာ သိပ်ကိုတော်တဲ့လူ ။ နိုင်ငံအသိအမှတ်ပြုဆုတွေအများကြီးရထားပြီး သူ့ရဲ့ကိုယ်တိုင်ရေးအထုပ္ပတိက နိုင်ငံတကာမှာပါ ဘာသာစကား ၆မျိုးနဲ့ ပြန်လည်ထုတ်ဝေခြင်းခံခဲ့ရသူ။ အသက် ၃၅ သာရှိသေးတဲ့ အမျိုးသား။ ရုပ်ရည်ကလဲ သာမန်ထက်ပိုတဲ့ ကြည့်ကောင်းမှု့မျိုးနဲ့ တင့်တယ်တဲ့လူ။ ဒီလူမှာ လိုအပ်နေတာက အပြုံးတစ်ခုပဲရှိတယ်။ ဟုတ်တယ်။ ဒီလူက အပြုံးအရယ်နည်းပါးတယ်။

Short Stories CollectionWhere stories live. Discover now