D Mar Lu Gyi Min !!! (4)

2.3K 360 12
                                    


Unicode

ဒီမှာလူကြီးမင်း !!! (Part 4)

စိတ်ပေါက်ပေါက်နဲ့ ရေကန်ထဲကို ပစ်ပေါက်နေခဲ့တဲ့ ခဲအရေအတွက်တွေလဲ ပိုများလာပြီ။ အချိန်ကလည်းတဖြည်းဖြည်းနဲ့ မှောင်စပျိုးလာခဲ့ပါပြီ။

ပထမနာရီဝက် ...ရင်ထဲမှာ အပျော်နဲ့စိတ်လှုပ်ရှားမှု့ တလှည့်စီကူးပြောင်းတယ်။စိတ်ကူးထဲမှာ သူ့ရဲ့လူကြီးက ယုန်သွားခေါတွေနဲ့ သိပ်ကိုချစ်စရာကောင်းတယ်။

ဒုတိယနာရီဝက် ...လူကြီးက နောက်ကျလိုက်တာ ...ဒီအတွက်အပြစ်ကြီးကြီးပေးရမယ်။ မှိန်ဖျော့ဖျော့အလင်းရောင်အောက်  မှဲ့နက်လေးတွဲခိုနေတဲ့ နှုတ်ခမ်းရဲလေး...ထိတွေ့ခါနီး အချိန်ကို ပြန်လည်သတိရအောက်မေ့တယ်။ မျက်နှာထက်အပြုံးခပ်ပါးပါးတွဲခိုတယ်။

တတိယနာရီဝက် ...လူကြီးကအလုပ်တွေများရှုပ်နေတာလား။ ဒါမှမဟုတ် ရိပေါ်နဲ့ချိန်းထားတယ်ဆိုတာကို မေ့သွားတာလား။ ဒါတော့မဖြစ်နိုင်။ ရှောင်းကျန့်ကသူ့ကို အရမ်းကိုသဘောကျတယ်ဆိုတာ သူသိတယ်။ မကြည်ဖြူချိန်တွေတုန်းကတောင် သူ့အနောက်က တကောက်ကောက်လိုက်နေခဲ့သေးတာ တရက်တောင်ပျက်ကွက်ခဲ့ဖူးလို့လား ။

စိတ်မရှည်နိုင်တော့သည့် အချိန်တစ်ခုအရောက်မှာတော့ သူရှောင်းကျန့်ရဲ့ဖုန်းကိုခေါ်မိတော့တယ်။ ဖုန်းက စက်ပိတ်ထားပါသည်တဲ့။

ဒါ ဘာအဓိပ္ပါယ်လဲ ...???

နာရီက ဆယ်နာရီကိုပြနေခဲ့တယ်။ သူမလာတော့ဘူးဆိုတာသေချာနေပါပြီ။

ဆိုင်ကယ်လေးတစီးက ရှောင်းကျန့်ရဲ့အိမ်ရှေ့ကိုရပ်သွားတယ်။ ကားဂိုထောင်ထဲမှာ ရှောင်းကျန့်ရဲ့ကားကိုတွေ့တယ်။ သူအိမ်ပြန်ရောက်နေပြီပဲ ..ဒါဆို ဘာလို့ ဖုန်းပိတ်ထားတာလဲ ....။ ခြံတံခါးဝက ခလုတ်ကိုနှိပ်လိုက်တော့ လူကြီးတယောက်ထွက်လာတယ်။

"ရှောင်းကျန့်နဲ့ တွေ့ချင်လို့ပါ
အိမ်ထဲဝင်လို့ရမလား "

"ပြန်လိုက်ပါသား ..သူကမတွေ့ချင်ဘူးတဲ့ "

"ဗျာ ..."

တံခါးက ဂျိန်းခနဲပိတ်သွားသလို ...သူ့နှလုံးသားကလဲ ရိုက်ခတ်မှု့ကြီးကြီးဖြစ်သွားတယ်။ ဒါ ဘာသဘောလဲ ...ချစ်လှပါရဲ့ ...ကြိုက်လှပါရဲ့နဲ့  ပြောခဲ့တာ ဘယ်သူလဲ ....အခု ဒီကကောင်က ချစ်မိနေပါပြီဆိုတော့ကာမှ့ ....

Short Stories CollectionDonde viven las historias. Descúbrelo ahora