အခန်း ( ၁)

461K 18.3K 2.4K
                                    

 နေကျစ်ကျစ်ပူတောက်နေသော ကောင်းကင်ယံအောက်မှ ပဲဝါဝါအတောင့်စိုက်ခင်းလယ်ကနေ အသံအားကောင်းကောင်းဖြင့် ရောက်တက်ရာရာ သီချင်းကို မှတ်မိရာစာကြောင်းကနေလိုက်ဆိုနေသော လုံပျိုမေတစ်သိုက်ရှိနေသည်။

    " ကြီးတော်ရေ ။ ရွာမှာ မြို့အုပ်မင်းအသစ်ရောက်မယ်ဆို သူကြီးဆီက ဘာသံကြားသေးတုန်း "

  " မနက်ဖြန်ခါရောက်မယ်ဆိုလားပါတော် ။ မြို့အုပ်မင်းက ခပ်ငယ်ငယ်ရယ်တဲ့ ။ နှမလေးတစ်ယောက်ရှိတယ်ဆိုပဲ "

အရင်မြို့အုပ်ဟောင်းမှာ ရာထူးမှပြုတ်သွားတာအတော်လေးကိုကြာလင့်ပြီဖြစ်သည်။ ညောင်ဖိုးပင်ရွာလေးသည် အလွန်ကို ခေါင်ပါးသောဒေသလေးဖြစ်ပြီး မတိုးတက်သောခေတ်ကာလတွင် ဒုစရိုက်မှုတို့ကလည်းရှိနေတက်သေးသည် ။

ရွာသူရွာသားများမှာ နေ့ခင်းနေ့လည်ကို ကိစ္စဓူဝကိုပြီးမြောက်အောင်လုပ်ကိုင်ထားပြီး ညရောက်တာနဲ့ မီးပိတ်လို့ တိတ်တိတ်ဆိတ်ဆိတ်သာနေထိုင်ကြ၏ ။

တရားဥပဒေစိုးမိုးမှုမရှိသော ဒေသလေးမို့ ဖြစ်ပျက်သွားသမျှက ကံတရားသာဖြစ်၏။ မတရားမှုကိုသိသော်လည်း ဘယ်သူမှနှုတ်မဟဝံ့ကြချေ ။

လက်ပံပွင့်မြို့တော်တွင် အချမ်းသာဆုံးသောသူဌေးသူကြွယ်တွေရဲ့ နိုင်လိုမင်းတက် စရိုက်တွေကို မည်သူမှမတော်လှန်ဝံ့ချေ။

သို့သော် တစ်ဦးတော့ရှိနေသည် ။

            ×  ×  × 

     " ဗျို့  ။ မောင် ဘမောင် "

          " ကျုပ် ဒီမှာ သူကြီး "

ထိုလူသည် လူရွယ်တစ်ဦးဖြစ်ကာ အသားညိုညို အရပ်ထောင်ထောင်မောင်းမောင်းဖြင့် ချောမောသောလူဖြစ်၏။ သူ၏ အပေါ်ပိုင်းမှာ ဗလာကျင်းနေပြီး ပဆိုးကို ခါးထောင်းကျိုက်
ထားတာကြောင့် သန်မာသော ခြေတံတွေကပေါ်လွင်နေပြီးခန့်ညားယောကျာ်းပျိုသွင်ပြင်ကပိုမိုထင်ရှားနေသည

လက်ထဲတွင် ထင်းခုတ်ပုဆိန်ကိုကိုင်ထားပြီး ဘေးတွင်လည်းများပြားသော ထင်းခြမ်းများရှိနေသည်  ။

    " ဧကနေ့ မြို့အုပ်မင်း ရောက်မှာကွ။ မြင့်တင်တို့ကလည်း နေဖြင့်မစောင်းသေးဘူး မူးယစ်နေကြပြီကွာ ။   မောင်ဘမောင်ပဲ နွားလည်းမောင်းပြီး ခရီးဦးကြိုလိုက်ပါ ဦး "

ခက်ရချည်ရဲ့   . . . ဗျာ Where stories live. Discover now