နေရင်းထိုင်ရင်း ရာဂတဏှာ ထကြွလာသောမိမိခန္ဓာကြောင့်ရှိန်းနောင် အနေရခက်လာလေသည် ။ ငယ်ရွယ်စဥ်တက်ကြွသည့်ကာလမှာတောင် သူအတွက်ခန္ဓာကိစ္စအဝဝဟာ အရေးမပါခဲ့ချေ။ရှိန်းနောင်မှာ မတက်သာတော့ပဲ ရေအိမ်ဆီသာသွားရပြန်သည်။ နှစ်ကြိမ်လောက်အသွားအပြန်လုပ်ပြီးတဲ့အခါ သူ့လက်လေးတောင်မလှုပ်ရှားချင်တော့ချေ။
" ကိုရှိန်းနောင် ဗိုက်မကောင်းဘူးလား"
ခြင်ထောင်ပြင်ပဘက်ထွက်ပြီး ဖယောင်းတိုင်ကိုမီးညှိလိုက်တဲ့အခါ ဘမောင်နေရာမှာတင်မှင်သက်လို့ ခဏတော့ ငြိမ်သက်သွားလေသည်။
ဖရောင်းတိုင်မီးနီနီအောက်ဝယ် မလုံ့တလုံဖြစ်နေသောကိုရှိန်းနောင်မှာ လယ်ကွက်တွင်းမှဖမ်းမိလာပြီးကင်ထားတဲ့ပုဇွန်ထုပ်လေးလိုနီတွတ်နေသည် ။
" ဖျားနေပြန်ရော့သလား "
ကိုရှိန်းနောင်ကအသံမပြုပဲ အနည်းငယ်တုန်ယင်နေသဖြင့် ဘမောင်မှာ ခြင်ထောင်ကိုအပေါ်တင်လို့ အကြင်သူဘေး ကပ်ထိုင်ကာ နဖူးထံဖွဖွလေးစမ်းလိုက်သည်။
" အပူလည်း ထင်သလောက်မပြင်းပါဘူး "
ရှိန်းနောင်မှာ ဘမောင်၏ အထိတွေ့သေးသေးကပင်သူ၏ ရာဂအစုံကို ပြန်လည်ထကြွလာစေသည် ။ ရင်းနှီးနေသော အထိတွေ့လေးအားမလွတ်စေချင်ပေ ၊ အမျိုးတူယောကျာ်းချင်း အဘယ်သို့နှီးနှောခြင်းပြုလုပ်ရမည်ကိုသူမသိသည့်တိုင် အနည်ဆုံးတော့ ထိုလူနှင့်သာ...။
" မာ...မာနေတယ် "
" မာနေတယ်... ။ အိပ်ရာခင်းကလား နေပါအုံး မောင် အခင်းတစ်ခုသွားရှာလိုက်အုံးမယ် "
" အခင်းက... မာတာမဟုတ်ဘူး ကျုပ်... ကျုပ်ရဲ့ ဟိုဥစ္စာ... က... "
ခဏတော့တိတ်ဆိတ်သွားကာ ဘမောင်အသက်ရူသံတွေရုတ်တရက်ရပ်တန့်သွားပြီး မီးရောင်အောက်မျက်နှာရဲရဲအားမယုံကြည်သလိုစိုက်ကြည့်မိရင်း သူ့တစ်ကိုယ်လုံး ပုခတ်စီးနေရသလိုခံစားနေရသည် ။
ယောကျော်းဟူသည် ဘယ်လောက်ရိုးသားတည်ငြိမ်တဲ့လူဖြစ်ပါစေ အနှီကိစ္စနှင့်ကြုံကြိုက်လာရင်တော့ အမြဲတစေ ဆယ်ယောက်မှာ ရှစ်ယောက်ကတော့ ညစ်ကျယ်ကျယ်အတွေးတွေဖြင့်သွေးပူလို့ အရိုင်းဆန်ကြတက်စမြဲဖြစ်၏ ။