" ကိုဘမောင် ။ တကယ်တော့ ကျုပ်တို့ ဒီရက်ပိုင်း ရှောင်နေသင့်တယ်ထင်ပါရဲ့ "
ခုံတန်းရှည်ကြီးတွင် လူစေ့ထိုင်နေကာ ခုံ၏ထိပ်တည့်တည့်တွင်တော့ဘမောင်က ထိုင်နေ၏။
" လက်ပံပွင့်မြို့တော်ရဲ့ တည်းခိုဆောင်ကိုရုတ်တရက်ပိတ်ချလိုက်ရင် ပိုမသင်ကာစရာတွေဖြစ်ကုန်လိမ့်မယ် ကိုမျိုးသန့် "
အစိုးရပိုင်းမှစတင်လှုပ်ရှားမှုတွေဆောင်ရွက်တာနဲ့အမျှ အရင်လှုပ်ရှားခဲ့သော ကိစ္စရပ်တွေနှင့်ပါတ်သောသက်သေတွေထွက်လာလျှင် အဖွဲ့အစည်းအတွက်စိတ်မချရချေ။
" မြို့အုပ်မင်းအသစ်လေးက ကိုင်တွယ်ရခက်သလားကိုဘမောင်။ သူ့ကြည့်ရတာတော့ ခပ်တင်းတင်းရယ် ခင်ဗျားလည်း သတိထားပါအုံး "
ဘမောင်ဆေးလိပ်အားလက်ကြားညှပ်ရင်း ခပ်မတ်မတ်ရိူက်ဖွာကာကိုမျိုးသန့်၏စကားအားခွန်းတုံ့ပြန်၏။
" ကျုပ်ကိုင်ကြည့်ပြီးပြီ သိပ်မခက်ပေါင် ။ ခင်ဗျားကသာ ကြောက်နေတာကျုပ်ဖြင့်ကြိုက်လိုက်တာမှ ဟိုဖက်တောင်လွန်လို့ "
" ခင်ဗျားနှယ် မိုးကြိုးတွေလည်းပစ်ကုန်ပါအုံးမယ် ဘယ့်နှယ့် "
ကိုမျိုးသန့်ကတော့ဘမောင်၏စကားအားရယ်မောလို့ဟာသနှောကာတုန့်ပြန်လိုက်လေသည်။ ဘမောင်ကတော့ဖြင့်ဘာမှထပ်မဆိုပဲ ထိုလူအားခပ်တင်းတင်းသာစိုက်ကြည့်နေ၏။
" အဓိက ပြသနာက ငွေထိန်းသိမ်းရေးပြသနာပဲ ကိုဘမောင် ။ နိုင်ငံတွင်းဘဏ်တွေက စစ်တပ်နဲ့အဆက်ယှတ်ရှိနေတာကြောင့် ပမာဏများရင်ဖြင့် စိတ်ပူရတယ် "
" ဒီလိုဆိုလည်း နိုင်ငံခြားဘဏ်တွေဆီပြေးအပ်ရမှာပေါ့ ။ ထောက်ပံ့ရေး အတွက် ဒီလတော့နားထားအုံးမယ် လှုပ်ရှားမှုတွေကိုတော့မရပ်လိုက်နဲ့ သံသယပိုဝင်သွားလိမ့်မယ် "
အစည်းအဝေးပြီးတဲ့အခါ ဘမောင်လာရာလမ်းဆီဦးတည်ရင်း အတွေးစတွေဝင်ရောက်လာခဲ့သည် ။
အချုပ်အနှောင်မရှိသောသူ့ဘဝတွင် ကိုရှိန်းနောင်က တစ်ခုတည်းသော မေတ္တာကြိုးလေးဖြစ်သည် ။