ရှိန်းနောင်အိမ်ပြန်လမ်းတွင်တစ်စုံတစ်ယောက်ကိုမျှော်တက်လာခဲ့သည် ။ ဘမောင်၏ အလုပ်အကိုင်နှင့်တာဝန်ကို ခေါင်းထဲစဥ်းစားမိတော့မှ အနည်းငယ် ဒေါသလျှော့လိုက်ရချေ၏။မိမိအနေနှင့် ထိုကိစ္စနှင့်စပ်လျဥ်းလို့ အလျဥ်းသင့်သလိုစဥ်းစားမိတိုင်း ကိုဘမောင်၏ ရှေ့ရေးအတွက်ရတက်မအေးရခဲ့ချေ ။
နှမလေးအတွက်အပူနှင့်မတူ နွယ်ခက်ချိုက ပင်မြင့်ထက်ကပန်းလေးနှင့်တူကာ သဘာဝတရားနှင့်လိုက်ရောညီထွေးလို့ အန္တရာယ်ကင်း၏။
ချစ်ရသူကတော့ မတူချေ။ ဘမောင်၏စရိုက်နှင့််ခံယူချက်က ရိုးစင်းမနေတဲ့အခါ အန္တာယ်ကြားတိုးဝင်တဲ့အခါ မျိုးဆို ထိုလူရွယ်မှာနှစ်ခါတွေးမည်မဟုတ် ။
တကယ်တော့ မောင်က သူ့အတွက် သိမ်းထုတ်ထားချင်စရာ ရင်ခုန်သံလေးဖြစ်၏။ အချစ်ဟူသည် ဆန်းကြယ်၏။ ထိတွေ့မိသည်နှင့် လက်မလွှတ်စတမ်းဆုပ်ကိုင်လို့ သေရာပါ သိမ်းဆည်းထားချင်လောက်အောင် မြတ်နိုးဖွယ်ကောင်းသည် ။
လူတစ်ယောက်နှင့်တွေ့ဆုံဖို့မှာလွယ်ကူ၏။ သို့သော အနှီများပြားလှစွာသောလူတွေထဲ ရင်ခုန်သံချင်းထပ်တူကျလို့ ချစ်မဝ ၊ ကြိုက်မဖြင့် သေတပန်သက်တဆုံးပေါင်းသင်းချင်သူကတော့ရှား၏။
ရှိန်းနောင် မောင့်ကိုချစ်သည်။ မောင်နှင့် သေတပန်သက်တဆုံးပေါင်းသင်းလို့ အဘယ်သို့သော ကိစ္စမျိုးမဆို လက်ချင်းတွဲယှတ်လို့ဖြတ်ကျော်ချင်၏။
စိတ်ကူးမှာရူးနှမ်းလေသလားသူမသိ။သူသိသည်မှာ သူ့ကိုချစ်သောမောင့်အားသူလည်းချစ်သည် ။
မျက်စိရှေ့သို့ရောက်လာသောမြင်ကွင်းမှာ ကျီးငှက်တစ်ကောင်နှလုံးသားအားထိုးဆိတ်နေသလိုပင် ။
ဒေါက်တာမလေးနှင့် ဘမောင်မှာ ယှဥ်တွဲလျှောက်လို့ပြုံးပျော်နေလေသည်။ ထိုလူရွယ်၏ နှုတ်ထွက်စကားလှလှတွေမှာ ချိုသာလွန်းလို့ကြားရသူတိုင်းမပြုံးစေဖို့မတက်သာချေ။
သူ့အပြင် အခြားတစ်ယောက်ကိုများဒီစကားမျိုးပြောနေရင်ဖြင့် ...။