နှစ်ဦးသားစကားမပြောဖြစ်သော်လည်း ပတ်ဝန်းကျင်မှာတော့ ချိုမြိန်နေသည်။ ဘမောင်အတွက်ကရှိန်းနောင်ရှိရင်ကိုအစစအရာရာအဆင်ပြေနေပြီဖြစ်သည်။ညခင်းလူရိပ်မမြင်နိုင်မှ ရေချိုးကန်ဘေးအဝတ်ချွတ်လို့ရေချိုးရန်ပြင်ရသည်။ မိမိရင်ဘက်မှဒဏ်ရာမှာ အနည်းငယ်နက်လို့ ချုပ်ထားသော်လည်း သွေးစက်တွေမှာ တစိမ့်စိမ့်ထွက်နေသေးသည်။
ဆရာဝန်က ရေမထိရန်မှာကြားထားတာမို့ သွေးစတွေကိုသန့်ရှင်းရင်း တန်းပေါ်ရှိလှန်းထားသောအဝတ်တစ်ထည်ကိုကောက်ဝတ်လိုက်သည်။
မိမိတို့နှစ်ယောက်၏အဖြစ်မှာ မိစ္ဆာနှင့် ဘုန်းတော်ကြီးလိုပင် အခြေနေမှာ ကျောချင်းကပ်လျက်ဖြစ်နေ၏။ ကိုရှိန်းနောင်ကိုသူချစ်သည်။
သို့သော်လည်းအပွင့်အားကိုးနှင့်လူစိတ်ပျောက်ကာ ပြည်သူတွေအားဂုတ်သွေးစုပ်နေသောအရာရှိအရာခံမျကြောင့်ပျက်စီးကုန်သောတောသူတောင်သားတွေအားလည်းသူမကြည့်ရက်ချေ။
ဘမောင်၏ ဘိုးဘွားတွေမှာ တော်လှန်ရေးသမားများဖြစ်ခဲ့ကြတာ ခေတ်အဆက်ဆက်ပင်ဖြစ်ပြီး ထိုမဟုတ်မခံသွေးတွေက သူ့ကိုယ်တွင်းစီးဆင်းနေသလားမှတ်ရသည်။
သူတို့ အဖွဲ့မှာ လူအယောက်တစ်ရာကျော်ရှိ၍ ဘမောင်ကခေါင်းဆောင်ဖြစ်ကာ ပြည်သူတွေကိုနှိပ်စက်ညှင်းပမ်းပြီး လယ်ယာတွေကိုမတော်မတရားလုယူသည့် အရာရှိတွေ၏ အိမ်တွေကို ပြန်လည်တိုက်ခိုက်၍ နစ်နာသည့်မိသားစုဝင်တွေကို တိတ်တဆိတ်ထောက်ပံ့ကြတာဖြစ်သည်။
ထို့ကြောင့်သူတို့ကိုမကျေနပ်ကြသည်မှာ စစ်ဘက်အရာရှိ ကောင်တွေသာဖြစ်ကြသည်။
ဘမောင်သူရဲကောင်းမဖြစ်ချင်ပေ။ လူယုတ်မာတွေကို ဒုက္ခပေးချင်ယုံသာ။
ဒီအဖြစ်ပျက်နှင့်ပတ်သက်လို့ အခွင့်ခါကြုံတဲ့အခါကိုရှိန်းနောင်နှင့်သူဆွေးနွေးမည်ဖြစ်ပြီး ကိုရှိန်းနောင်သဘောအတိုင်းသာသူလိုက်နာမည်ဖြစ်၏။" ကိုဘမောင် အိမ်ရှေ့မယ် ခင်ဗျား အသိမိတ်ဆွေတွေရောက်နေတယ် "
" ဟုတ်ပြီဗျာ ။ မောင်ခဏနေလာခဲ့မယ် "
" ဒီမယ် ကိုဘမောင် "