အခန်း (၂၇)

97.3K 9.7K 1.3K
                                    

တခြိမ့်ခြိမ်သဲနေသောမဂ်လာဆောင်၏အခမ်းနားမှာ သူ့အရပ်သူ့ဇာတ်နှင့်မို့အတော်ကိုစည်ကား၏။

ခပ်ငယ်ငယ်အရွယ်တွေမို့ မဂ်လာမောနှံ၏အပြုံးတွေမှာမဖုံးနိုင်မဖိနိုင်ဖြစ်နေကြသည် ။

ပုဆိုးအဝါရောင်အကွက်စိပ်နှင့် အောက်ခံအဖြူလည်ကတုံးပေါ်တိုက်ပုံအနက်ထပ်ဝတ်ထားသောမြို့အုပ်မင်းမှာ ဖြူစင်သန့်ရှင်းကာ ကြည့်ရသည်မှာ မျက်စိအေးဖွယ်ဖြစ်နေ၏။

ပျိုမဒီတချို့၏ရှက်ဝဲဝဲမျက်လုံးတွေကမြို့အုပ်မင်းဆီမှာသာ တဝဲဝဲလည်လို့ နေသည်။

"ညောင်ဖိုးပင်က မြို့အုပ်မင်းကငယ်တယ်ဆိုပေမဲ့ ဒီလောက်ချောမှန်းမသိဘူးရယ် ။ ဖြူအုနေတာပဲတော်ရေ..."

" မောင့်နောင် ဒီဘက်လာ "

လက်ကောက်ဝတ်မှဆွဲလို့သူ့ဘေးကပ်ထိုင်စေကာ ဘမောင်၏ မျက်နှာမှာမှုန်ကုတ်နေလေသည် ။

" ကိုဘမောင် ပြုံးစမ်း ။ သူများမဂ်လာဆောင်လာပြီးစူပုတ်နေတာ ခင်ဗျားရည်းစား သူများနဲ့ညားသွားလေ လို့လား "

ဘမောင်၏လက်မောင်းအားဆွဲဆိတ်လို့ ရှိန်းနောင် တီးတိုးကြိမ်းမောင်လိုက်၏။ လည်ကတုံးအဖြူ လက်တစ်ဝက်ခေါက်တင်ထားကာ ကျယ်ပြန့်သောပခုံးတွေမှာထင်ရှားလို့ပုဆိုးခြေမျက်စိဖုံးဝတ်ထားတာကြောင့်ဘမောင်၏အရပ်မှာရှိရင်းစွဲထက်ပိုရှည်သယောင်ထင်ရသည်။

" မောင့်နောင်ကို ဒီလိုစကားအရာနဲ့ကျူးကျော်တာတောင်မောင်မကြိုက်ဘူး။ ရည်းစားလူလု အူနုကျွဲခတ်တဲ့ မောင်မခံစားနိုင်လို့ပါ ။ မခံစားနိုင်လို့ပါ"

ဘမောင်မှာအမှန်တကယ်ကိုစူပုတ်နေကာ ရှိန်းနောင်အားစကားထပ်မပြောတော့ပဲ ကောက်ချိတ်နေတော့သည်။

မဂ်လာပွဲအစီစဥ်တွေမှာ သမာရိုးကျမဟုတ်ပဲ အနည်းငယ်ထူးဆန်းလေသည်။ သို့တိုင်ချစ်ဖို့လည်းကောင်းနေသည် ။

" မြို့အုပ်မင်းရယ် ကိုဘမောင်ကြီးကိုမြင်မိသေးလား ။ သတို့သား သတို့သမီးကိုလက်ပတ်ချည်ပေးဖို့ နှစ်ဦးနှစ်ဖက် လူပျို အပျိုလိုတယ်ဗျ "

ခက်ရချည်ရဲ့   . . . ဗျာ Où les histoires vivent. Découvrez maintenant