ဦးဝဏ္ဏဟာ ကြီးမားကျယ်ဝန်းတဲ့ဧည့်အခန်းခြေချိတ်ထိုင်ကာ လက်သန်းကြွယ်ရှိအနီရောင်ပတ္တမြားလက်စွပ်ကို ပွတ်သပ်ကာပြုံးနေ၏။
" ကျော့ကွင်းထဲကိုတန်းဝင်လာရသလား ရှိန်းနောင် မင်းကများငါ့ကိုအာခံရဲလို့ "
" သူဌေးကြီး မြို့အုပ်မင်းအသစ်ကိုပညာပေးဖို့ကဟုတ်ပါပြီ သူ့ဘေးကလူကရောဟင် ။ အဲ့လူက မြို့အုပ်ဘေးက တစ်ဖဝါးမှမခွာလေတော့ "
" လူပိုခေါ်သွား ။ ပြီးရင် အဲ့မြို့အုပ်ကို ငါ့ဆီခေါ်ခဲ့ ။ သူမသိတဲ့အကြောက်တရားဆို ဘာလည်းငါပြချင်စမ်းတယ် ပြီးတော့ သူ့ဘေးကကောင်ကိုတော့ လွှတ်ပေးလိုက်ချေ "
ရှိန်းနောင်နှာတစ်ချက်ချေလိုက်တဲ့အခါ ဘမောင်၏လက်ဖမိုးက ရှိန်းနောင်၏ နဖူးပေါ်တန်းရောက်သွားသည်။
" ဖျားလေရော့သလား ကိုရှိန်းနောင် "
ယားယံသွားသောနှာဖျားလေးကိုလက်ညှိုးဖြင့်အသာပွတ်လို့ နဖူးပေါ်က လက်အားရိုက်ချကာ ရှိန်းနောင်က ခေါင်းခါလိုက်၏။
စာတမ်းတင်ရန် စာရေးမှခေတ္တစောင့်ဆိုင်းစေကာ အချက်လက်ကို အထက်ရုံးတော်၏ တံဆိပ်ခေါင်းဖြင့်ထုကာ စာတိုက်တွင်းလို့ တောင်းခံလွှာမှာ ရှိန်းနောင်၏ လက်မှတ်ကိုရေးထိုးစေသည်။
' နောင် ' ဟူသောစာလုံးလေးအားလှလှပပရေးထိုးထားသော လက်မှတ်စာတန်းလေးအားကြည့်လို့ဘမောင်ကပြုံး၏။
စာရေးလေးက ရုံး၏တာဝန်ခံလက်မှတ်ပြန်တောင်းပေးရန်ထွက်ခွာသွားသောအခါ ဘမောင်က ရှိန်းနောင်၏ လက်ဖဝါးတစ်ဖက်ကိုဆုပ်ကိုင်လိုက်၏။
" ဒီလက်လေးနဲ့ရေးထိုးတဲ့ လက်မှတ်လေးက လှရက်ပါပေ့ကိုရှိန်းနောင် ။ မောင်လက်ထပ်တဲ့အခါ လက်ထပ်စာချုပ်မှာ ဒီလက်မှတ်လှလှလေးနဲ့ မောင့်လက်မှတ်ဘေး ရေးထိုးပေးပါလား အကူညီတောင်းတာပါ "
" ကိုဘမောင် လူတွေနဲ့လေ ဘယ့်နှယ့်... "
ဘမောင်က ရုန်းထွက်သွားသောလက်ဖဝါးလေးကို နှမြောတသကြည့်လို့ ရယ်၏။ ဘေးတိုက်ဖြင့်မြင်နေရသော ရှိန်းနောင်မျက်နှာတခြမ်းနှင့်နားရွက်လေးမှာနီနီရဲနေလေသည်။