တိတ်ဆိတ်သွားသောပတ်ဝန်းကျင်နှင့်မလိုက်ဖက်ညီစွာ မြို့အုပ်မင်း၏အိမ်တော်မှာတော့ များပြားတဲ့လူအုပ်ကြီးရှိနေလေသည် ။
မြနှင်းမှာအငိုများကာအိပ်မောကျသွားပြီး အိပ်နေရင်းပင် တအင့်အင့်ရိူက်ငိုနေသေးသည် ။
အကြင်သူထွက်သွားလေသာလာရာလာလမ်းမှာမှောင်မည်းလို့ အရိပ်ရေးရေးမျှပင်မမြင်ရသေးချေ။
လည်တငင်ငင်မျှော်လင့်ရင်း ရွှေလည်တိုင်မှာယိုင်လုလုဖြစ်နေ၏။ အခန်းတွင်းမှအိပ်ယာပေါ်တွင်ထပ်လျက်တင်ထားသောခဲရောင်ချည်ပုဆိနှစ်ထည်ကိုငေးကြည့်ရင်း ရှိန်းနောင် ခေါင်းတစ်ချက်ခါလိုက်မိသည် ။
" ကိုကိုကြီး ခဏလှဲနေလိုက်ပါအုံးလားလို့ ။ ကိုကြီးဘမောင်ပြန်လာမှာပါ"
" ငါမောင့်ကိုယုံတယ်နွယ်ရဲ့။ ငါက ကံတရားကိုမယုံကြည်တာ "
နေ့လည်ကတင်ပြုံးရယ်နေသောမိမိအစ်ကိုမှာ နီရဲနေသောမျက်ဝန်းတွေဖြင့်အလဲလဲအပြိုပြိုဖြစ်နေသည်ကိုမြင်နေရသောနွယ်ခက်ချိုအဖို့လည်းအဆင်မပြေချေ။
စံတော်ချိန်မှာ နံနက်သုံးနာရီရှိပြီဖြစ်သည်။ ဂျောက်ဂျောက်ဂျက်ဂျက်မြည်တက်တဲ့စက်ဘီးသံလေးကိုမျှော်ရင်း ရှိန်းနောင် လေသာပြတင်းမှ တဖဝါးမှ မခွာနိုင်ခဲ့ချေ ။
" မြို့အုပ်မင်း ။ ကို ကိုဘမောင် ပြန်လာပြီရယ် ဒါမဲ့ ဒါမဲ့ "
အိမ်အောက်ထပ်ကိုပြေးဆင်းသွားကာ ခလုတ်တိုက်လဲမတက်ဖြစ်သော်လည်း နာကျင်နေသော ခြေထောက်အားမသိကျေးကျွံပြုကာ ဝိုင်းဖွဲ့နေသောလူအုပ်ကြီးထံ တိုးဝင်လိုက်မိသည် ။
နွားလှည်းပေါ်တွင်ရှိလေသောပိတ်ဖြူဖြူအစဖြင့်အုပ်ထားသော အရာတစ်ခုပါ၏။ အသက်ရူသံကိုခေတ္တအောင့်ထားလို့ လက်တို့မှာတုန်ယင်နေလေသည်။
" အိုး ဘုရားရေ..."
" အမလေး..."
မှောင်မည်းနေသောအခိုက်တန့်ဝယ် အမျိုးသမီးတချို့၏ အာမေဋိတ်သံတွေက ကျယ်လောင်စွာထွက်ပေါ်လာပြီး ရှိန်းနောင်ကိုယ်တိုင်လည်း မြေပြင်ပေါ်ပစ်လဲကျသွားခဲ့သည် ။