မြို့အုပ်ရုံးတော်မှာ လုပ်သားအချို့ကတော့တီးတိုးညည်းညူနေကြသည်။ အသစ်ရောက်သည့် မြို့အုပ်မင်းအသစ်မှာ အရမ်းအလုပ်ကြိုးစားတဲ့အပြင် မျက်နှာသာလည်းမပေးတက်ချေ ။
အရင့်အရင် မြို့အုပ်တွေဆို ကပ်ဖားလျက်ဖားလုပ်နေလျှင် သဘောခွေ့ မနောတွေ့လို့ အစားရအနေရချောင်ရပေသည်။
နှစ်ချို့အမှုတွေထိလိုက်လံစစ်ဆေးနေတာမို့ ရုံးတော်၏ အရာခံအချို့မှာမျက်ခုံးလှုပ်နေကြသည်။
" အရာရှိ ဦးလှရွှေကျုပ်ရုံးခန်းဆီလာလှည့်ပါအုံးဗျာ "
ဦးလှရွှေမှာ အနည်းငယ်ပင့််သက်ရိူက်လိုက်မိ၏။ ယခင်နှစ်ဝက်ခန့်က အမှုတစ်ခုကို ရဲမှုဖြင့်သူလိုက်ခဲ့ရဖူးသည်။ ထိုအမှုက လယ်သမားမိသားစု မှာ ဆယ်နှစ်လောက်လယ်ငှားရင်း နောက်ဆုံးမှာတော့ လယ်ပိုင်ရှင်ဆီမှ ငှားရမ်းလယ်ကိုဝယ်ယူနိုင်ခဲ့၏။
ရိုးသားမှုဆိုတာ လူတချို့ကြားတွင်တော့ လွယ်လင့်တကူအနိုင်ပိုင်းချင်စရာ ပျော့ကွက်ဖြစ်နေခဲ့သည်။ ရိုးသားတဲ့လယ်သမားမိသားစုမှာ ပိုက်ဆံအပြည့်ချေပြီး စာချုပ် ချုပ်ရန် မပြုလုပ်ခဲ့တာကြောင့် လယ်ပိုင်ရှင်ဟာ လပတ်ပြည့်တာနဲ့ ငှားရမ်းခ လာကောက်ခဲ့သည်။
ချွေးသီးသီးကျလို့ရှာဖွေထားရသမျှနဲ့ဝယ်ယူထားခဲ့သောပိုက်ဆံ အကုန်ပေးလိုက်ရပြီးပြီမို့ လယ်သမားမိသားစုကလည်း ငှားရမ်းခကိုမပေးခဲ့ချေ။ လယ်ပိုင်ရှင်သည် ထိုလယ်သမားမိသားစုအား ရဲဖြင့်တိုင်ခဲ့၏။
" ကျုပ် မနေ့ မန်းကျည်းပင်ရွာက လယ်သမားမိသားစုနဲ့ သွားတွေ့ခဲ့တယ်။ သူတို့မိသားစုမှာ လေးတန်းတက်နေတဲ့ ကလေးမကလွဲရင် နာမည်တောင် ဖြောင့်အောင်ပေါင်းတက်တဲ့လူမရှိဘူး ဦးလှရွှေ "
ရှိန်းနောင်ဟာ စကားကိုရပ်လို့ စာရွက်စာတမ်းအချို့ကို ရဲယူနီဖောင်းဝတ် ဦးလှရွှေဆီ ပစ်ပေးလိုက်သည်။
" ဒီလိုလူတွေက ဟင်းရွက်ကန်စွန်းရွက်မဟုတ်ပဲ သူမပိုင်တဲ့လယ်ယာတွေကို သူပိုင်ပါတယ်ဆိုပြီး လိမ်ညာရအောင်လောက်ထိ လည်ဝယ်မှုရှိလိမ့်မယ်လို့ ကျုပ်မထင်ပါဘူး "