" ဆရာလေးရေ ဒီမယ် ဘမောင်ကြီး မူးလာလို့ရယ် "" ဘမောင်ကွ ။ လာမစမ်းနဲ့ ။ ဘယ်နေရာစမ်းစမ်း အသားချည်းပဲကွ ဟမ်းဟမ်း "
မူးပြဲလို့လျှောက်အော်နေသောစကားတွေကြောင့် ရှိန်းနောင်ပြောစရာစကားပင်မရှိတော့ချေ။
အဘကအသက်ရွယ်ကြီးသော်လည်းသန်မာသောသူဖြစ်၏။ ဒါကြောင့်မလို့လည်း ကြီးကောင်ကြီးမားမောင့်အား ထိန်းနိုင်တာဖြစ်သည်။
" ဆူမနေနဲ့အုံးနော် ။ သူကငြင်းရှာပါတယ် ရွာထဲက ကောင်လေးတွေအတင်းတိုက်တော့ သူလည်းဝတ္တရားအရသောက်လိုက်ရုံပါကွယ် "
" ဟုတ်ကဲ့ပါ အဘ "
လူပြောင်းထိန်းရင်းလေးကန်နေသောကိုယ်ထည်အား ဖေးမရင်းအိမ်ပေါ်ရောက်တာနှင့်အိပ်ရာတွင်းဝင်လှဲစေလို့ ရှိန်းနောင် ခပ်တင်းတင်းသာစိုက်ကြည့်လိုက်မိသည် ။
ရီဝေဝေဖြင့်မျက်လုံးဖွင့်လို့ ခေါင်းအုံးအစားမိမိပေါင်သားအားခေါင်းတင်ခုသောအခါ ရှိန်းနောင်နဖူးမှတွန်းလို့ ငြင်းဆန်လိုက်၏။
" သွား အဲ့အရည်တွေသောက်ပြီးကျုပ်နားမကပ်နဲ့ "
" ချစ်သည်းက....ဒီမောင့်ကိုငြိုငြင်တာလား ဒါမှမုတ် ချစ်ပေါ့တာလား "
" မငြိုငြင်လို့ရရောလား မောင့်ကိုကျုပ်ဘယ်နှခါရှိပြီလဲပြောတာ။ ဟိုဘက်ကမ်းဒီဘက်ကမ်းလှေနဲ့သွားရတာ မူးပြဲလာရင်း မတော်လို့ တစ်ခုခုဖြစ်ရင်ဘယ်နှယ့်လုပ်မလဲ "
တွန်းကန်ထားသည့်ကြားမှ အတင်းတိုးဝှေ့လို့ ဝမ်းဗိုက်တွင်မျက်နှာအပ်ရင်း မူးဝေနေသော အနှီအမျိုးသားအားသူမဆုံးမချင်တော့ပေ။
မူးလာလျှင် သွေးအေးအေးဖြင့်ရစ်တက်သောထိုအကျင့်အားလည်းသူကြောက်ပါဘိ။ ပြီးနောက် ဝတ်စမြဲပုဆိုးမှာလည်းဟိုလှန်သည်လှန် ဖင်ပေါ်ခေါင်းပေါ်နှင့် ။
အိပ်ပျော်သွားတာနှင့် ခေါင်းအုံးတွင်နေရာတကျသိပ်ပေးလို့ ပေါင်ရင်းထိလန်နေသောပုဆိုးစအား ဆွဲဖုံးပေးလိုက်၏။
ပလက်လှန်နေရာမှ ဘေးစောင်းရင်းပုဆိုးအားခေါင်းမြှီးထခြုံလိုက်သောအခါ အောက်စလွတ်လို့ တင်ပါးညိုညိုနှစ်ဖက်မှာ မီးရောင်အောက်ဝယ်တောက်တောက်ပပဖြစ်နေ၏။