ရွက်ဟောင်းတွေကြွေသောနွေဦးအချိန်အခါတွင် စိုက်ပျိုးရေးရာသီမို့ လယ်ရှင်ယာရှင်တွေမှာလည်းမအားမလပ်ကြချေ ။ရှိန်းနောင်ကလျှော်ဖွတ်ပြီးသားအဝတ်တွေအား ခေါက်သိမ်းနေကာ ဘမောင်ကတော့ ရှိန်းနောင်၏နောက်ဘက်တွင်လှဲလို့ ဟိုနားဆိတ်လိုက်ဒီနားဆွလိုက်နှင့်စနောက်နေလေသည် ။
" ငြိမ်ငြိမ်နေစမ်းပါမောင်ရယ် ။ တကယ်တည်း မျောက်နဲ့လောက်နဲ့ စပ်ပြီးမွေးသလား အောက်မေ့ရတယ် ငြိမ်ငြိမ်ကိုး မနေဘူး "
နောက်ကျောကနေ မျှော့သွားသလို လောက်စိ လောက်စိတက်လာသောလက်ညှိုးအားရိုက်ချလို့ရှိန်းနောင် ညူညူညူစူစူပင်ဟောက်လိုက်သည်။
" မနက်ဖြန် ချစ်သည်း ကျောင်းပိတ်တယ်မလား "
" ပိတ်တယ် ။ မောင်နဲ့လိုက်ခဲ့မလို့ ပဲလေးဘာလေး ကူလေ့ပေးမလို့လေ ဒီတိုင်းလည်းအားနေတာပဲကို "
" ပေါက်ပေါက်ရှာရှာဗျာ ။ အဲ့လိုတွေမလုပ်ရပါဘူး ။ မောင်ကယောကျာ်ပါ ကိုယ်ချစ်လို့ ကိုယ်ယူထားတဲ့ အိမ်သူကို ကိုယ့်ခွန်ကိုယ့်အားနဲ့ပဲရှာကျွေးမှာ "
ဆပ်ပြာနံ့လေးမှာသင်းနေသော်လည်း အသန့်အပြန့်ကြိုက်လေရှာသော ရှိန်းနောင်ကတော့အမြဲတစေ အဝတ်တွေအားပရုတ်လုံးထည့်သိမ်းတက်သည်။
ဘမောင်၏အဝတ်လေးတွေမှာ အသစ်မဟုတ်သော်ငြား ဝတ်တိုင်းကျော့ကော့လို့ အိမ်သူကောင်းကောင်းပိုင်ဆိိုင်ထားမှန်းသိသာလေသည် ။
" မောင်တစ်ထမ်းမယ်တရွက်တဲ့ ကျုပ်မောင်ရဲ့ ။ ကျုပ်က မောင့်လုပ်စာထိုင်စားချင်လို့ မောင့်ကိုယူထားတာမဟုတ်ဘူး "
" အဲ့စကားက မောင့်အတွက်တော့အကျုံးမဝင်တဲ့ စကားပုံလေးပဲချစ်သည်းရဲ့။ မောင်ပဲထမ်းမယ် မောင်ပဲရွက်ပါ့မယ် ချစ်သည်းက မောင့်လက်လေးကိုသာဆုပ်ကိုင်ထားပေး "
အရက်သေစာရှောက်တက်လာသောမောင် ။ မိန်းမကိစ္စအရှုပ်အရှင်းကင်းသောမောင် ။ ပိုက်ဆံကိုကုတ်ခြစ်ရှာလို့ ရလာသမျှ ' ချစ်သည်း ရော့ ' ဆိုကာ အပ်နှံတက်သောမောင် ။