ထိုနေ့က ကိုဘမောင်မှာ ဘုရားဖူးရင်းလိပ်ဥပါတပါတည်းတူးခဲ့လေတော့သည်။ ရှိန်းနောင်မှာ သူ့ကိုတရှောင်ရှောင်ဖြစ်နေတာကိုသိသော်လည်း ယောကျာ်းကောင်းတို့ဇွဲဟာဘယ်သောအခါမှမလျှော့ပါချေ။
ရုံးတော်ကလူတွေတောင် ကိုဘမောင်နဲ့ရင်းနှီးနေကြပြီဖြစ်သည်။ ရှိန်းနောင်ကိုမြင်တာနဲ့ ဘမောင်ဟာ အုန်းသီးပိုက်ထားသည့် မျောက်လေးလိုအငြိမ်မနေပဲ လိုက်ကပ်နေတက်သည်။
" ကိုဘမောင် ။ ခင်ဗျား အတော့ကို ဇွဲကောင်းတဲ့လူပဲ မရှက်ဘူးလား "
" အိုး ဗျာ ။ ချစ်တာကို ချစ်တယ်လို့ ပြောတာရှက်စရာလား ပုဆိုးချွတ်ပြီး ပတ်ပြေးနေတာမှမဟုတ်ပဲ "
ရှိန်းနောင်ဆက်မပြောတော့ပဲ ဘမောင်ကို ဘေးမဲ့လွှတ်ထားလိုက်တော့သည်။ ဘမောင်ကတော့ဖြင့် သီချင်းလေးညည်းလို့ ဘေးကနေ ကပ်လိုက်တာပြီး အလုပ်သွားအလုပ်ပြန်ဟန်ကျနေတော့သည်။
" ကိုကြီးဘမောင် ထမင်းပါတစ်ခါတည်းစားသွားလှည့်ပါလား "
ရှိန်းနောင်ကတော့ သူ၏အိပ်ခန်းထဲတန်းဝင်သွားတော့သည်။ ဘမောင်ကခဏတော့စဥ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
" အနွယ် အားတော့နာပါရဲ့ ကျုပ်ရေချိုးချင်တယ်ဗျ "
" အိုး ရပါ့ရှင် ။ ကိုကိုကြီးအခန်းထဲသွားလိုက်လေ သူ့မယ် လုံချည်အပိုတွေမှ ပေါလို့ ။ နွယ်ရယ် ထမင်းဝိုင်းပြင်လိုက်အုံးမယ် "
အထဲမှ ဂျက်မထိုးထားသောတံခါးချပ်လေးက ဘမောင်တွန်းတယ်ဆိုရုံနဲ့တင်ပွင့်ဟသွားတော့သည်။ အိမ်ထဲမှာတော့ အပေါ်ပိုင်းဗလာနှင့် ကိုရှိန်းနောင်က ပုဆိုးတိုတိုဖြင့်ရေချိုးရန်ပြင်ဆင်နေသည်။
" ဟဲဟဲ ကိုရှိန်းနောင် "
" ကို ကို ဘမောင် ဘာလုပ်မို့တုန်းဗျ "
ရှိန်းနောင်မှာ ရင်ဘက်ကိုအဝတ်ဖြင့်ကွယ်ဖို့ကလည်း သူ့မယ်အမို့အမောက်မရှိတာသတိရသွားပြီး လက်ပြန်ချလိုက်ရသည်။
" ပူတယ်ဗျ ရေချိုးမို့လေ "
နွယ်ခက်ချိုအခန်းထဲတွင်သူ့အတွက်သာသီးသန့်လုပ်ပေးထားသောရေချိုးခန်းအပြင် ရေချိုးစရာဆိုလို့ နောက်ဖေးရေကန်ကြီးသာရှိသည်။