ရှိန်းနောင်၏နားရွက်နှစ်ဖက်ဟာနီရဲလို့ရင်ဘက်ထဲကလည်းအဆမဆန်ခုန်လှုပ်နေခဲ့သည်။ အိမ်ပြန်ရောက်တဲ့ နွယ်ခက်ချိုက အဖျားရှိလားဆိုပြီး နဖူးကိုလာစမ်းကြည့်လိုက်သေးသည်။
ထိုနေ့က ရှိန်းနောင်ရုံးမတက်ဖြစ်လိုက်ချေ။ နောက်ရက်ကျ ပိတ်ရက်ဖြစ်တာကြောင့် အိမ်တွင်းမှာသာ အမှုကိစ္စတွေစစ်ရင်း ကိုဘမောင်ကိုရှောင်နေမိတော့သည်။
" ကိုကိုကြီးရေ ဧည့်သည်လာတယ် "
ထိုလူမှာသူ့ကိုကျောပေးထိုင်နေတာကြောင့် မျက်နှာကိုမမြင်ရသော်လည်း ခပ်ထင်းထင်းပုံစံကြောင့် တော်ရုံလူတော့မဟုတ်နိုင်ချေ။
ရှိန်းနောင်ကိုမြင်သော်လည်း ဧည့်သည်ပီပီထရပ်လို့နှုတ်ဆတ်ခြင်းမရှိပဲ ထိုင်ခုံနောက်ကျောကိုမှီလို့ခြေ ချိတ်ကာ အထက်စီးဆန်ဆန်ထိုင်နေသည်။
" မြို့အုပ်မင်းက ရောက်မလာတော့ ကျုပ်ကပဲလာရတာပေါ့ဗျာ "
ထိုလူမှာ အသက်လေးဆယ်အရွယ်ခန့် ခပ်ချောချောလူဖြစ်သော်လည်း သူ၏ နေပုံထိုင်ပုံက အသက်ငါးဆယ်လောက်ဟုအထင်မှားစေလောက်အောင်တည်ငြိမ်နေသည်။
" ဦးဝဏ္ဏနဲ့ကျုပ်က အရေးတကြီးတွေ့ဆုံစရာရယ်လို့မှမရှိပဲ "
ဆေးပေါ့လိပ်ကို တချက်ရှိုက်ဖွာလို့ ခပ်ကုတ်ကုတ်မျက်လုံးတွေဖြင့်ရှိန်းနောင်ကိုစိုက်ကြည့်လာသည် ။
" ကျုပ်ဒီမြို့မှာနေထိုင်လာတဲ့တလျောက်လုံး ကျုပ်ဖိတ်ခေါ်မှုကိုငြင်းရဲတဲ့လူမရှိဘူး။ ကိုရှိန်းနောင် ခင်ဗျားအတော့ကို အကြောက်တရားကင်းမဲ့တာပဲ "
ထိုလူက အပ်အက်အက်ရယ်မောလိုက်ကာ သံပုရာရည်ဗန်းလာချပေးသော နွယ်ခက်ချိုကို ခပ်ညစ်ညစ်မျက်လုံးတွေဖြင့်စိုက်ကြည့်နေသည်။
" အနွယ် ကိုဘမောင်တို့ အိမ်ဘက်သွားပြီး ညနေကျ ခဏလာခဲ့ပါအုံးလို့ ပြောပေး "
နွယ်ခက်ချိုမှာ ခပ်လှလှမိန်းကလေးတစ်ယောက်ဖြစ်ပြီး ဆံနွယ်မတိုမရှည်လေးဖြစ်ကာ ခပ်ဆက်ဆက်ပုံစံလေးဖြစ်သည်။
" ကျုပ်အတွက်အကြောက်တရားဆိုတာ သေဆုံးသွားခဲ့တာကြာပြီ "
နွယ်ခက်ချို ဖျော်ပေးခဲ့သော သံပုရာရည်ကိုသောက်လို့ ဦးဝဏ္ဏက ရှိန်းနောင်ကိုခပ်စူးစူးစိုက်ကြည့်၏။