အခန်း (၃၁)

94.2K 9.9K 1.6K
                                    


တရိပ်ရိပ်တက်လာသောပင်လယ်ရေမျက်နှာပြင်ကိုကြည့်ရင်း အပြုံးတစ်ပွင့်က နှုတ်ခမ်းထက်ဝင့်ခနဲပေါ်၏။

ကုန်း​မြေထက်မှ တောဇလပ်ပန်းနံ့လေးတွေဟာ ဆားငံရည်နံ့နှင့်ရောလို့ နှလုံးသားထဲထိ ရနံ့သင်းထုံနေသည်။

တစ်နေ့လည်လုံးတပြုံးပြုံးဖြင့် အပျော်အတောမသတ်လေသော ဆရာချောချောလေးအားကြည့်ကာ ဘမောင် အလိုမကျသလိုတောင်ဖြစ်မိလေသည်။

" ဒါဖြင့် ဆရာလေးက အရင်မြို့အုပ်ဖြစ်ခဲ့တာပေါ့ ။ ရာထူးကကောင်းသားနဲ့ဘာလို့များ နုတ်ထွက်လိုက်ရတာလဲ "

" တကယ့်တကယ်တမ်းကျ ရာထူးဂုဏ်ဒြပ်တွေက အလကားပါပဲ ကိုဘမောင် ။ ကိုယ်ချစ်တဲ့လူကိုတောင်မကာကွယ်နိုင်တဲ့ကျုပ်က တစ်မြို့တစ်ရွာကို ဘယ်လိုလုပ်များ အုပ်ချုပ်နိုင်မတဲ့လည်း "

လမ်းအတူတွဲလျှောက်ကြရင်း ခပ်ဆွေးဆွေးစကားကြောင့် ဘမောင်ထိုဆရာလေးအားငေးကြည့်မိတဲ့အခါ လေအဝှေ့မှာယိမ်းယိုင်နေတဲ့ဆံနွယ်တိုတိုတွေဟာ နဖူးကျဥ်းကျဥ်းကိုဖုံးအုပ်လို့ မျက်ဝန်းပါး​ပါးလေးတွေပေါ်က မျက်တောင်ကော့ကော့လေးနဲ့ပါထိကပ်နေ၏။

ပင်လယ်ပြင်ဟာပြာလွင်လွင်နှင့်လှပငည်ဆို ထိုဆရာလေးဟာတော့ဖြင့် မဟာဆန်ဆန်ဖြင့် ဂန္တဝင်ဆန်ဆန် လှပတာနေမည် ။

" ခင်ဗျားအတိတ်က ဘယ့်နှယ့်များ နာကျင်စရာကောင်းနေလို့လည်း ဆရာလေးရယ် "

" မထင်မှတ်ပဲရခဲ့တဲ့ဒဏ်ရာပါကိုဘမောင်။ အနားသတ်လေးတွေမှာ ချစ်ခြင်းမေတ္တာတွေပါတာမို့ နာကျင်တယ်လို့တောင်ကျုပ် မခံစားမိပါဘူး "

စကားတွေဖောင်ဖွဲ့လို့ ပင်လယ်ကမ်းခြေမှ ကုန်းမြေမြင့်ကိုရောက်ရှိကာ ရွာ၏ အဝင်လမ်းကိုမြင်နေရပြီဖြစ်သည်။

လှည်းလမ်းကြောင်းဘေးတွင်ရှိသော ထိကရုန်းနှင့်ကိုင်းပင်တို့မှာရေပြွန်းလို့အိပ်စက်ကာ ဖြူလွလွပန်းပွင်တောင်ဇလပ်ပန်းလေးကတော့ ခြူမည့်သူကိုစောင့်နေသည့်ဟန် စွင့်စွင့်ငွားငွားကိုပွင့်လန်းနေလေသည် ။

" အရီးနဲ့ခင်ဗျားက ဘာတော်လည်း ကိုဘမောင် "

" အဒေါ်တော်မပေါ့ ။ သားအဖြစ်မွေးစားထားတာဆိုပဲ ။ ကျုပ်လွန်ခဲ့နှနှစ်က လှေမှောက်ပြီး အတိတ်မေ့ဖူးတယ် ကိစ္စအချို့ကိုသိပ်မမှ​တ်မိတော့ဘူး "

ခက်ရချည်ရဲ့   . . . ဗျာ Where stories live. Discover now