အခန်း (၉)

127K 12.9K 3K
                                    


မြို့တော်၏ ပွဲတော်အချိန်ဆိုအလွန်အမင်းစည်ကား၏။ နယ်ဝေးရောက်နေသောလူတွေတောင်ပြန်လာလို့ ပွဲတော်ကို ဆင်နွှဲကြသည်။

ရေချယ်စတီဗင် က မြန်မာအမေရိကန်ကပြားဖြစ်ကာ မြန်မာသွေးတော့အတော်လေးဝေးသည်။ နွယ်ခက်ချိုနှင့် ယဥ်ကျေးမှုပြတိုက်တွင်ခင်မင်လာပြီး နိုင်ငံခြားမှာပြန်ဆုံကြတာ အရင်းနှီးဆုံးသူငယ်ချင်းတွေဆိုလည်းမမှားချေ။

ပွဲတော်ရက်မှာ မိုးဦးရာသီမကျခင်အချိန်​လေးဖြစ်ကာ မတော်လို့မိုးရွာရင်တောင်စည်ကားတက်လေသည်။

ရွာမှာရန်ပွဲဘာပွဲဖြစ်ရင်ထိန်းချုပ်နိုင်ရန်အတွက်ရှိန်းနောင်က အထက်ရုံးချုပ်ကို လုံခြုံရေးချပေးရန်စာတင်ဖို့အတွက် မြို့တော်၏ စာပို့ဆက်သွယ်ရေးဌာနကိုသွားရအုံးမည်ဖြစ်သည်။

  " အနွယ် ငါ လက်ပံပွင့်မြို့တော်ကို ခေတ္တသွားအုံးမယ် ရက်ကြာချင်လည်းကြာမယ် အလွန်ဆုံးတော့ သုံးရက်လောက်ပဲ "

ရေချယ်ကိုရွာတွင်းလိုက်ပို့ရန်ပြင်ဆင်နေသောနွယ်ခက်ချိုက အသာယာခေါင်းငြိမ့်ပြလိုက်သည်။

   " ကိုကြီးဘမောင်ကို အဖော်ခေါ်သွားပါလားကိုကိုကြီး ။ နှစ်ယောက်သားအဖော်ရတာပေါ့လို့ "

ရှိန်းနောင်မတွေးမိတာတော့မဟုတ်ချေ။ ကိုဘမောင်ကိုခေါ်ဖို့တွေးကြည့်မိသေးပေမဲ့ တကယ်တမ်းကျ တွန့်ဆုတ်နေမိ၏။

မကြာသေးခင်ကမှ ပူပူလောလောအနမ်းပေးခံထားရတာပါးတစ်ဖက်က အထိတွေ့ဟာ အိပ်မက်တွေထဲထိပါဝင်ရောက်လို့ ချောမောသောမျက်နှာ၏ အပြုံးဟာလည်းမျက်လုံးတွေမှိတ်မထားရင်တောင် မြင်ယောင်လို့နေသည်။

   " သူကြီးရေ ။ ကျုပ်ကို နွားလှည်းသမားတစ်ယောက်လောက်နဲ့ မြို့တော်ဆီ လိုက်ပို့ပေးခိုင်းပါအုံး  "

  " မြို့တော်ဆီလား ။ ဘာအတွက်လည်းမြို့အုပ်မင်းရဲ့ တော်ရုံကိစ္စဆို ကျုပ်လူတွေပဲခိုင်းလိုက်ပါ့မယ် "

  " မရဘူးဗျ ။ လုံခြုံရေးဝန်ထမ်းတောင်းဆိုစာတင်ဖို့အတွက်က မြို့အုပ်လက်မှတ်လိုတယ် "

ခက်ရချည်ရဲ့   . . . ဗျာ Where stories live. Discover now