ရင်ခွင်ထဲတွင် အဖြူအစိမ်းလေးအားထည့်လို့နေ့စဥ်ရက်ဆက် အကြိုအပို့လုပ်နေသော ဘမောင်နှင့် ရှိန်းနောင်တို့၏နှစ်ဦးသာပုံမှာအစကထူးဆန်းနေသော်လည်း ကြာတော့ဖြင့် ရွာ၏ပြောစရာ ချစ်ပုံပြင်လေးဖြစ်လာခဲ့သည်။" နွယ်ကလာလည်ချင်လို့တဲ့ ။ ညနေကပဲကျုပ်ဆီစာပို့လာတယ် "
" သြော် ။ ကောင်းတာပေါ့ မောင့်နောင်လည်း သတိရနေတာပဲမှတ်လား "
ကွယ်ဝှက်ထားသောခံစားချက်တို့ကအစမြင်နိုင်သူမှာ မောင်သာဖြစ်၏။ မကြီးမငယ်နှင့် ဟိုလွမ်းသည်လွမ်းလည်းသူမလုပ်ချင် ။
သို့သော်လည်း သူ့ထံ ရှေ့ကြည့်ရင်ဘက်နောက်ကြည့်ကျော ဒီနှမလေးတစ်ယောက်သာရှိ၏။
ချစ်ရသူအားမခွာရက်လို့အတူနေပါသော်လည်း ရေထက်ပျစ်သောသွေးတို့စီးဆင်းနေသော ခန္ဓာကတော့ဖြင့် သွေးသားရင်းချာနှမငယ်အားသတိရမိသည်။
" အဲ့ရက်ကျ ကျောင်းပိတ်တယ်။ ကျုပ်နွယ့်ကို မန်းဒင်လှေဆိပ်မှာသွားကြိုမှာ "
" မောင်လည်းလိုက်ခဲ့မယ်လေ "
" နေပါ ။ အရီးပြောတော့ စက်လှေနဲ့ပဲသွားတင်ရမယ်ဆို မောင်အလုပ်တွေပျက်နေတာ ကျုပ်တောင်သိတယ် "
ဘမောင်အလိုကျမစွာနှုတ်စူလို့နောက်ကျောမှနေ ကိုယ်သေးသေးအားပွေ့ဖက်လိုက်၏။ ဖြူဖွေးနေသောလည်တိုင်ထံအနမ်းအပ်ရင်း ခြေလှမ်းတွေကိုရှေ့တိုးဖို့ပြင်လိုက်ပေမဲ့ အလုံးစုံသောစိတ်တဏှာအားမြတ်နိုးစိတ်နဲ့သာထိန်းချုပ်လိုက်၏။
" ရေသွားချိုးတော့လေ မောင့်နောင်။ ညနေပိုင်းကျတအားအေးတယ် ပြီးရင် ချစ်သည်းလေးက နှာတကြုတ်ကြုတ်နဲ့ မောင့်ရင်တွေသိပ်နာတာပဲ "
ရှိန်းနောင်နားရွက်ကလေးတွေနီလို့ ကျောပေးထားသော်လည်း မျက်နှာမှာပူတက်တက်ပင်ဖြစ်လာမိသည်။
" မောင်က ပိုလွန်းပါတယ် "
" သမုဒ္ဒရာ က ကျယ်တာမောင်လက်ခံပါတယ် ။ အချစ်စစ်နဲ့ချစ်တဲ့လူတစ်ယောက်ရဲ့ အချစ်နဲ့နှိုင်းယှဥ်ရင်တော့ အဲ့တာက ကျွဲခြေရာကွက်ထဲရေအိုင်သာသာပဲ ။ ချစ်ခြင်းမေတ္တာမှာ ပိုတယ်မရှိဘူးချစ်သည်းလေးရဲ့။ တစ်ထောင့်ငါးရာနဲ့ ငါးရာ့နှစ်ဆယ့်ရှစ် မေတ္တာပေါင်းရင်တောင် မောင့်ရင်ထဲက ချစ်ခြင်းမေတ္တာက ခြေတစ်လှမ်းပိုပါတယ်"