အခန်း (၂၁)

119K 11.4K 1.7K
                                    


အချစ်က နတ်သိပ်ကြီးမှန်းရှိန်းနောင်လက်ခံလိုက်မိသည် ။ ပြုတ်မနူးလေသော ယောကျာ်းအရင့်မာကြီး ဘမောင်၏ မျက်ရည်လည်ရွှဲပုံရိပ်ယောင်ထဲ နစ်မြုတ်နေကာ သူ့မှာ ပြုံးမဆုံး ဖြစ်နေ​လေသည် ။

နွေလည်ညတွင်တိုက်ခတ်သော လေပြေလေးနှယ် အချစ်၏ အထိတွေ့ကအေးချမ်းလွန်းလှသည်။ ထိုအေးချမ်းမှုလေးကိုလည်း သူနှစ်ခြိုက်၏။

× × ×

ရှိန်းနောင် လူသံကြောင့်အိမ်ရှေ့ထွက့လာတဲ့အခါ တံခါးဘောင်အား လက်ပိုက်မှီလို့ သူ့အားစိုက်ကြည့်နေသော ဘမောင်ကိုမြင်လိုက်ရသည် ။

" ဘယ်လာတာလဲ "

" မောင့် ရင်ခုန်သံလေးရှိရာဆီပေါ့ "

ရှိန်းနောင် မျက်စောင်းတစ်ချက်ခဲလို့ ထိုလူရွယ်အားကျောခိုင်းကာအိမ်ထဲသာပြန်လျှောက်လာလိုက်သည် ။
သေးသွယ်ကျစ်လျစ်သော ကိုယ်နေဟန်နှင့် ရှိန်းနောင်၏ အနေအထားကို ကြည့်ကာ ဘမောင်ရင်ထဲ ကြက်ပေါက်စတစ်ကောင်ပြေးလွှားနေသလိုပင် ။ ခြေလှမ်းကျဲကျဲလှမ်းလို့ ဒူးခေါက်လျှို ကောက်ပွေ့လိုက်တဲ့အခါ ရှိန်းနောင်၏ ကိုယ်လေးကစွေ့ခနဲနေအောင်မြောက်တက်သွားသည်။

" အို ။ ဒါဘာလုပ်တာတုန်း ချပေး "

" ဘယ်ကိုလည်း ကိုရှိန်းနောင် "

အနည်းငယ်ရုန်းရင်းရှိန်းနောင်ကဖြေ၏။

" အောက်ကို "

" အိုဗျာ ။ ပြောရဲလိုက်တာ "

ဘမောင်၏ မျက်နှာမှာ ကျီစယ်ရိပ်တွေဖြင့်ပြည့်နှက်နေကာ မျက်ဝန်းတွေကတော့စိုစွတ်နေတုန်းဖြစ်သည် ။

စကားတစ်ခွန်းမှာ အဓိပ္ပါယ်နှစ်မျိုးထွက်သောမြန်မာစကားတွင် အနှီ ' ချပေး အောက်ကို ' ဆိုသော စကား၏ ထပ်ဆင့်အဓိပ္ပါယ်ကတွေးတက်လျှင် နည်းနည်းတော့ ညစကားဆန်နေလေ၏။

ရှိန်းနောင်၏ နားရွက်တွေမှာ နှလုံးသည်း​ခြေတွင်းမှရှက်သည်းမှုကြောင့် နီရဲလာခဲ့သည် ။

" မောင်က ကိုရှိန်းနောင်ရဲ့ ပြောစကားဆို နားထောင်တာသိရဲ့သားနဲ့ "

ခက်ရချည်ရဲ့   . . . ဗျာ Where stories live. Discover now