အခန်း (၃၀)

89.3K 9.7K 1.1K
                                    

ခေါင်ပါးသောဒေသဖြစ်တာနဲ့အညီ ခရီးလမ်းမှာကြမ်းတမ်း၏။ လှည်းစီးလိုက်လှေစီးလိုက်နှင့် နောက်ဆုံးမှာတော့ မန်းဒင်း ဒေသလေးဆီရောက်ရှိလာခဲ့လေသည်။

ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် ညအချိန်ဆိုအလွန်အေး၏။ လူသူအရောက်ပေါက်နည်းသောဒေသတွေမှာ ဆရာ ဆရာမနှင့်ဆရာဝန်တွေရှားပါးသလို စာသင်ကျောင်းတွေမှာလည်းယိုယွင်းပျက်စီးနေသည် ။

အထက်ပိုင်းမှ ရန်ပုံငွေအများစုသည် ကျားအုပ်ထဲသမင်ပြုတ်ကျသလိုအပေါ်ပိုင်းတွင်သာပျောက်ကွယ်ကုန်၏။

" မိုးရွာရင် ကျောင်းဆောင်တွေက အဆင်မပြေလောက်ဘူးမလား "

" ဘယ်ပြေပါ့မလည်း ဆရာလေးရယ် မိုးရွာရင် မသင်ရုံပဲရှိတာရယ် "

ရှိန်းနောင် ဟောင်းနွမ်းစုတ်ပျက်နေသော တဲကုတ်သာသာကျောင်းလေးအားကြည့်ကာ သက်ပြင်းသာအချလိုက်မိသည် ။

" မန်းဒင်းမှာ မိုးရာသီမရောက်ခင်ကတည်းက မိုးကတအားသည်းတာ ဆောင်းရာသီဆိုလည်း ပင်လယ်လေနဲ့တအားအေးတာရယ် "

ခရီးဦးကြိုရင်းရိုးသားသော ကြီးတော်ကြီးမှာ အဖြစ်အပျက်တွေအား မဆိုင်းမတွကိုဖွင့်ဟတော့သည်။

" ဒီဘက်မှာကတော့ ငါးက မတအားပေါတာ ဆရာလေးရေ ။ စားချင်တဲ့ပုံစံလေးသာပြော အရီးရယ်ချက်ကျွေးမယ်သိလား "

" ကျုပ်က အစားသောက် မရွေးတက်ပါဘူး ။ အရီးအပင်ပန်းမခံပါနဲ့ "

လူသစ်ရောက်တာနဲ့အထူးတဆန်းဖြစ်နေသော ကလေးငယ်တသိုက်မှာ ရှိန်းနောင်ခိုးကြည့်လို့ တို့ထိချင်နေသည့်နှယ်။

ပေတိပေစုတ်အဝတ်လေးတွေမှာညစ်နွမ်းလို့ မျက်ဝန်းတွေကတော့ဖြင့်ညမီးအိမ်လိုလင်းလက်နေလေသည်။

" ချိုချဥ် ။ စားမလား "

အထုတ်လိုက်ထည့်လာသော သကြားလုံးတွေထဲမှ ဆယ်လုံးကိုထုတ်ကာတစ်ယောက်နှစ်လုံးမျှဝေပေးလိုက်သည် ။

ကြွပ်ကြွပ်အိတ်အသေးလေးဖြင့်လိမ်ကျစ်ထားသောသကြားလုံး ကိုကြည့်ကာ မည်သူမှဖောက်မစားကြချေ။

ခက်ရချည်ရဲ့   . . . ဗျာ Where stories live. Discover now