အခန်း ( ၁၂ )

126K 12.1K 779
                                    


ညဥ့်နက်တဲ့အထိ အစ်ကိုလုပ်သူပြန်မလာတဲ့အခါ နွယ်ခက်ချိုအနည်းငယ်စိတ်ပူစပြုလာပြီဖြစ်သည်။ လာနေကျ ရေဒီယိုအစီစဥ်တောင်ဂရုမစိုက်အားပဲ အိမ်ရှေ့သာ လည်တငင်ငင်ဖြင့်မျှော်နေတော့သည်။

" ချို ဘာတွေမျှော်နေတာလဲ "

ရေချယ်စတီဗင်က ခြေသလုံးထိရှည်တဲ့စကပ်အလုံးကိုဝတ်ဆင်ထားပြီး ရွှေအိုရောင်လည်ဂုတ်ထောက်ဆံနွယ်အဖျားကုတ်ကုတ်​လေးက မျက်နှာဝိုင်းဝိုင်းလေးနဲ့လိုက်ဖက်နေတော့သည်။

" ကိုကိုကြီးရယ်လေ ပြန်မလာသေးဘူး "

ရေချယ်စတီဗင်၏ မျက်ခုံးလှလှလေးတွေကပင့်တက်သွား၏။ သူမအသာပြုံးရင်း ဆေးလိပ်တစ်လိပ်ကိုထုတ်သောက်ရင်း ကျွန်းထိုင်ခုံမှာထိုင်လိုက်သည်။

ညဦးပိုင်းလေဟာအေးစိမ့်စိမ့်ဖြင့် တိုက်ခတ်နေပြီး သစ်ရွက်စိမ်းနံ့နှင့် မြေမှုန့်ရနံ့တို့ဖြင့်ထုံလွမ်းနေသည်။ ဘမောင်ဟာကျောကုန်းပေါ်က ရည်းစားပူပူနွေးနွေးလေးအားထမ်းပိုးရင် မြို့အုပ်အိမ်တော်ဆီ ချီတက်ရပြန်သည်။

အိမ်မွေးတိရစ္ဆာန်လေးတွေ၏ဟောက်သံဟာပတ်ဝန်းကျင်မှု ကျယ်လောင်စွာထွက်ပေါ်နေပြီး တောလမ်းမပေါ်က အသက်ရူသံနှစ်ခုကမှုနွေးထွေးစွာရစ်ပတ်နေသည်။

အိမ်ရှေ့ရောက်တဲ့အခါ ဘမောင်က ကျောပေါ်ကလူအားမြေပြင်ဆင်းသက်စေကာ မယိုင်နဲ့တော့မှ ထိန်းထားရာကလွှတ်ပေးလိုက်​ချေသည်။

" မောင် သွားတော့မယ် နော် "

ရီဝေဝေဖြင့်ရှိန်းနောင်က ခေါင်းအသာငြိမ့်ပြ၏။ မူးနေသောရှိန်းနောင်ကလည်း အိမ်ထဲဝင်မသွားသလို မမူးနေသောဘမောင်ဟာလည်း လာရာလမ်းတိုင်းပြန်မကွေ့ချေ။

နှစ်ဦးသားတစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အတော်ကြာရပ်ပြီးတဲ့အခါ ဘမောင်ခေါင်းတည့်တည့် ပုဆိန်နှင့်အခေါက်ခံလိုက်ရသည့်နှယ် အံ့သြဖွယ်ဖြစ်ရပ်ဆန်းကိုကြုံတွေ့လိုက်ရသည်။

အပျိုလေးထက်အရှက်သည်းသော သူ၏ အသည်းကညှာလေးဟာ စိတ်မရှည်ဟန်ဖြင့် လည်ပင်းကော်လာစအားဆွဲချကာ နဖူးမာမာထက်အနမ်းတစ်ပွင့် ဆွတ်ခြွေလိုက်၏။

ခက်ရချည်ရဲ့   . . . ဗျာ Where stories live. Discover now