အခန်း ( ၁၉)

126K 11.6K 1.1K
                                    

အိမ်ရှေ့ဖုန်လမ်းမှ လှည်းဝင်ရိုးသံကြားမှ သူတို့နှစ်ယောက်စလုံး နိုး၏။ ဧည့်သည်ပေမဲ့ အချက်အပြုတ်ကောင်းသော အညာသမလေးမြနှင်းကတော့စောစောစီးစီး ချက်ပြုတ်ကာ ဆွမ်းပင်လောင်းပြီးနေပြီဖြစ်သည်။

ရှိန်းနောင်မှာ ဆက်ခနဲ ထ ထိုင်မိလိုက်သော်လည်း အသက်ရူပါအောင့်လို မိမိထန္ဓာကိုယ်မှာ စိစိညက်ညက်ကြေနေပြီလို့တောင်ထင်မှတ်မိလိုက်သည် ။

" ကိုဘမောင် ကျုပ်ကိုကူထူပါအုံး ။ ခါးတော့သွားလေပြီလားမသိဘူး "

" ခါးရိုးကျိုးလည်းစိတ်မပူပါနဲ့ မောင်က ကိုရှိန်းနောင်ရဲ့ ခါးဆစ်ရိုးလေးဖြစ်ပေးမယ်လေ"

" သွား ။ လူယုတ်မာ ဒါဘယ်သူ့​ကြောင့်လည်း ဒီလိုလူမျိုးသာ မိန်းမရရင် အိုး ကလေးတွေဖြင့်ပုံနေလိုက်မဲ့ဖြစ်ခြင်း ဟမ့် "

ရှိန်းနောင်မှာ ခြေဟန်လက်ဟန်ဖြင့် ကလေးအများကြီးပုံစံကိုသဏ္ဍာန်ဖော်ပြရင်း ဒေါပွနေ၏။ ဘမောင်တော့ အသံမထွက်စေပံခပ်ရို့ရို့ရယ်ကာ ကြင်နာသူ့အားကူထူလို့ နောက်ဖေး ရေကန်ဆီ ခေါ်သွားလေသည်။

" အိုး မြတ်စွာဘုရား ။ မြို့အုပ်မင်းရယ်ချော်လဲသလား ထော့နဲ့ ထော့နဲ့ နဲ့ "

အရိုးခံလေးမြနှင်းကတော့ ရှိန်းနောင်ဘေးရစ်သီရစ်သီဖြင့် ခြေထောက်ကို လှမ်းကြည့်လေ၏။

" မြို့အုပ်မင်းကချော်လဲတာမဟုတ်ဘူးမြနှင်း ဝမ်းနုတ်ဆေးစားတာများသွားတာ အရမ်းသွား​မေးမနေနဲ့လေ မြနှင်းရဲ့ "

နွားစာကြိတ်နေသော မင်းမောင်က သူ့မယားလေးကို ခပ်စူစူဖြင့်သာ ပြန်ဆွဲခေါ်သွားလေသည်။ မျက်နှာသစ်နေသောရှိန်းနောင်၏ မျက်နှာမှာရေစက်တွေလေး ကပ်ခိုနေလို့ မနက်ခင်းနေရောင်အောင်တွင် မွှေးမျှင်းလေးတွေပါမြင်တွေ့နေရသည်။

ဖြူဖွေးကာခပ်ပါးပါးနားရွက်လေးမှာနီရဲလို့ နေကာ ဘမောင်အားလှည့်မကြည့်ချေ။စကားတွေသာပြောနေပေမဲ့ ညကကိစ္စပြီးကတည်းက ရှိန်းနောင်ဘမောင်အား မျက်လုံးချင်းဆုံအောင်မကြည့်ချေ။

" ဘမောင်တံဆိပ်နဲ့ဝမ်းနုတ်ဆေးက အရမ်းပြင်းလေသလား ကိုရှိန်းနောင် "

ခက်ရချည်ရဲ့   . . . ဗျာ Where stories live. Discover now