သူကြီးပို့ပေးထားသော မှုခင်းစုံ အကြောင်းအရာစာရွက်ထပ်ကြီးကိုကြည့်ကာ နွယ်ခက်ချိုကတော့ဖြင့် အနောက်ပင်နှစ်လှမ်းလောက်ဆုတ်ခွာသွားသေးသည် ။" ကိုကိုကြီးရေ သံပုရာရည် ရပြီ "
ဖုန်မှုန့်တော်တော်များများရူရိူက်မိထားတာကြောင့် လည်ချောင်းတွင်းအနည်းငယ်ကြမ်းရှနေလေသည် ။
" နင်စောစောအိပ်။ မနက်ကျရင် အာရုဏ်ဆွမ်းအမှီထရမယ်နော် "
ရှိန်းနောင် သံပုရာရည်ခွက်ကိုတစ်မော့သောက်ကာ လှည့်မကြည့်ပဲပြောလိုက်သည်။ နွယ်ခက်ချိုမှာအထွန့်မတက်တော့ပဲ အစ်ကိုလုပ်သူ၏အမိန့်ကိုသာနာခံလိုက်သည်။
× × ×
ဒီနေ့ညကင်းကျသည့်ကာလသားအဖွဲ့က ဘမောင်တို့ကာလသားအဖွဲ့ဖြစ်သည်။ ခေါင်းဆောင်ဖြစ်တဲ့ ဘမောင်က နိုးနိုးကြားကြားရှိနေတာကြောင့် နောက်လိုက်သုံးယောက်မှာလည်း အပါးမခိုရဲပေ။
" အိပ်မငိုက်ကြနဲ့ ။ နားကိုစွင့်ထား ။ အိပ်တာက ဘယ်အချိန်ပြန်အိပ်အိပ်ရတယ် "
ဘမောင်သည် ရွာ၏ကာလသားခေါင်းဆောင်ဖြစ်ပြီး သူကြီး၏ ဆွေမျိုးနီးစပ်ဖြစ်တာကြောင့် အာဏာလည်းရှိလေသည် ။ သူ၏ ချောမောခန့်ညားသော ရုပ်ဆင်း လက္ခဏာ ကြောင့် အခြားရွာမှ လုံပျိုမေတို့၏ နှုတ်ဖျားတွင်မှာပါ ရေပန်းစားလေသည် ။
" ကျုပ်ရှေ့နား တချက်ကြည့်လိုက်ဦးမယ်။ အရက်သောက်ထားတဲ့လူ သူကြီးထိပ်တုံးနဲ့ညားမယ်မှတ်ထား "
အမှောင်ရိပ်ထဲ ရှည်လျားသန်မာတဲ့အရိပ်ဟာ တဖြေးဖြေးပျောက်ကွယ်သွားလေသည်။ ရွာထဲမှာ အိမ်တိုင်းက မီးပိတ်ထားကာ တိတ်ဆိတ်နေ၏။
အရိပ်မြင်တာနဲ့ ဟောင်တက်သောခွေးတွေ၏ စူးစူးဝါးဝါး ဟောင်သံကလွဲရင် အားလုံးဟာပကတိ တိတ်ငြိမ်နေသည်။
ကြီးမားတဲ့ နှစ်ထပ်ပျဥ်ထောင်အိမ်ကြီး၏ အခန်းတစ်ခန်းဟာ မီးလင်းနေပြီး ပြတင်းလိုက်ကာမှမြင်နေရတဲ့ပုံရိပ်လေးက ထိုင်ခံမှာထိုင်ပြီး တစ်ခုခုကိုဖတ်ရူနေသည့်ဟန် ။