နေကျစ်ကျစ်ပူတောက်နေသော ကောင်းကင်ယံအောက်မှ ပဲဝါဝါအတောင့်စိုက်ခင်းလယ်ကနေ အသံအားကောင်းကောင်းဖြင့် ရောက်တက်ရာရာ သီချင်းကို မှတ်မိရာစာကြောင်းကနေလိုက်ဆိုနေသော လုံပျိုမေတစ်သိုက်ရှိနေသည်။
" ကြီးတော်ရေ ။ ရွာမှာ မြို့အုပ်မင်းအသစ်ရောက်မယ်ဆို သူကြီးဆီက ဘာသံကြားသေးတုန်း "
" မနက်ဖြန်ခါရောက်မယ်ဆိုလားပါတော် ။ မြို့အုပ်မင်းက ခပ်ငယ်ငယ်ရယ်တဲ့ ။ နှမလေးတစ်ယောက်ရှိတယ်ဆိုပဲ "
အရင်မြို့အုပ်ဟောင်းမှာ ရာထူးမှပြုတ်သွားတာအတော်လေးကိုကြာလင့်ပြီဖြစ်သည်။ ညောင်ဖိုးပင်ရွာလေးသည် အလွန်ကို ခေါင်ပါးသောဒေသလေးဖြစ်ပြီး မတိုးတက်သောခေတ်ကာလတွင် ဒုစရိုက်မှုတို့ကလည်းရှိနေတက်သေးသည် ။
ရွာသူရွာသားများမှာ နေ့ခင်းနေ့လည်ကို ကိစ္စဓူဝကိုပြီးမြောက်အောင်လုပ်ကိုင်ထားပြီး ညရောက်တာနဲ့ မီးပိတ်လို့ တိတ်တိတ်ဆိတ်ဆိတ်သာနေထိုင်ကြ၏ ။
တရားဥပဒေစိုးမိုးမှုမရှိသော ဒေသလေးမို့ ဖြစ်ပျက်သွားသမျှက ကံတရားသာဖြစ်၏။ မတရားမှုကိုသိသော်လည်း ဘယ်သူမှနှုတ်မဟဝံ့ကြချေ ။
လက်ပံပွင့်မြို့တော်တွင် အချမ်းသာဆုံးသောသူဌေးသူကြွယ်တွေရဲ့ နိုင်လိုမင်းတက် စရိုက်တွေကို မည်သူမှမတော်လှန်ဝံ့ချေ။
သို့သော် တစ်ဦးတော့ရှိနေသည် ။
× × ×
" ဗျို့ ။ မောင် ဘမောင် "
" ကျုပ် ဒီမှာ သူကြီး "
ထိုလူသည် လူရွယ်တစ်ဦးဖြစ်ကာ အသားညိုညို အရပ်ထောင်ထောင်မောင်းမောင်းဖြင့် ချောမောသောလူဖြစ်၏။ သူ၏ အပေါ်ပိုင်းမှာ ဗလာကျင်းနေပြီး ပဆိုးကို ခါးထောင်းကျိုက်
ထားတာကြောင့် သန်မာသော ခြေတံတွေကပေါ်လွင်နေပြီးခန့်ညားယောကျာ်းပျိုသွင်ပြင်ကပိုမိုထင်ရှားနေသညလက်ထဲတွင် ထင်းခုတ်ပုဆိန်ကိုကိုင်ထားပြီး ဘေးတွင်လည်းများပြားသော ထင်းခြမ်းများရှိနေသည် ။
" ဧကနေ့ မြို့အုပ်မင်း ရောက်မှာကွ။ မြင့်တင်တို့ကလည်း နေဖြင့်မစောင်းသေးဘူး မူးယစ်နေကြပြီကွာ ။ မောင်ဘမောင်ပဲ နွားလည်းမောင်းပြီး ခရီးဦးကြိုလိုက်ပါ ဦး "