ရေချယ် နွယ်ခက်ချိုတို့ဆီပြန်ရောက်လာခဲ့သည်။ မျက်ဝန်းလှလှလေးတွေဟာမို့အစ်နေပြီးငိုကြွေးထားသလိုထင်နေရသည်။" မရေချယ် နေရတာပျော်ရဲ့လားဗျ နွယ်ကခပ်တန်းတန်းနေတက်တော့ သူနဲ့အဆင်မပြေရင်ဖြင့် ကျုပ် ခင်ဗျားလည်ပတ်ဖ်ို့အတွက်အခြားတစ်ယောက်ရှာပေးပါ့မယ် "
" မဟုတ်တာရှင် ချိုက ကျွန်မကိုအဖော်ပြုပေးရှာပါတယ် "
မသိစိတ်ရဲ့စေ့ဆော်မှုအရရှိန်းနောင်ရင်ထဲတမျိုးတမည်ခံစားနေရသော်ငြား သူမဖော်ပြတက်ချေ။ နှမလေးနှင့်ယှဥ်တွဲထွက်သွားသော ထို အဂ်လိပ်မလေးကိုကြည့်ကာ ရှိန်းနောင်သက်ပြင်းချလိုက်မိသည်။
ရုံးမှာမြင်လိုက်ရတဲ့ ဦးဝဏ္ဏကြောင့် ရှိန်းနောင် မျက်နှာကြောကိုတင်းတင်းထားလိုက်သည်။ သူကအမှတ်အတေးကြီးသောလူမဟုတ်သော်ငြား သည်းခြေမရှိသော လူတော့မဟုတ် ။
" ဒီမှာ ကိုရှိန်းနောင်..."
" ကျုပ်က ဒီမြို့ရဲ့ မြို့အုပ်မင်းပါ မလေးမစားလာလုပ်မယ်ကြံရင် လာရာလမ်းအတိုင်းပြန်ကြွလိုက်ပါ ဦးဝဏ္ဏ "
ရှိန်းနောင်၏အသံမှာ အနည်းကျယ်ကာခက်ထန်သောကြောင့် ရုံးခန်းပြင်ပမှလုပ်သားတချို့လည်းကြားလိုက်ရပြီး အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ မြို့အုပ်မင်းကိုမချီးကျူးပဲမနေနိုင် ။
ဦးဝဏ္ဏမှာ ထင်မှတ်မထားသောတုံ့ပြန်မှုကြောင့် အလိပ်လိုက်တက်လာသောဒေါသတွေကိုမြိုချရင်း အံကြိတ်လိုက်၏။
" မြို့အုပ်မင်း ကျုပ်ရဲ့အမှုက ဘယ်လိုလုပ်မှာပါလည်း အရင်အမှုတွေလိုပဲ မသိချင်ယောင်ဆောင်လိုက်တော့မှာလား "
" ကျုပ်ဒီမြို့မှာ တာဝန်ကျကတည်း ခွေးချင်းကိုက်တဲ့အမှုကစလို့ မသိချင်ယောင်ဆောင်တဲ့အမှုဆိုတာမရှိမဘူး ဒါကိုခင်ဗျားလည်းသိမှာပါ "
သူ၏ လူယုံတွေအထိ လာဘ်စားမှုဖြင့် အဖြုတ်ခံထားရတဲ့ ဦးဝဏ္ဏအတွက်တော့ရှိန်းနောင်၏စကားတွေက အသက်ကိုပြင်းပြင်းရူရုံသာရှိတေ့ာသည်။